မောင်တောမှာ ရဲစခန်း (၄) ခု တိုးချဲ့ချသွားမယ်

  • 24 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး တာဝန်ယူနေတဲ့ မြန်မာ ရဲတပ်ဖွဲ့ဝင်တွေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေး တိုးမြှင့်သွားဖို့ ရှိပါတယ်။

ဘင်္ဂလားဒေချ့်နဲ့ ကပ်ရပ်တည်ရှိတဲ့ ရခိုင်ပြည်နယ်က မောင်တောမြို့နယ်မှာ နောက်ထပ် ရဲစခန်း (၄) ခု ကို ထပ်မံ တိုးချဲ့ချသွားမှာ ဖြစ်ပါတယ်။

ရဲစခန်းတွေ ထပ်မံ တိုးချဲ့ချထားရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာ၀န်ရှိသူတွေနဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေဟာ မနေ့ကဘဲ အဲဒီနေရာတွေကို သွားရောက် စစ်ဆေး ကြည့်ရှု့ခဲ့ကြကြောင်း သိရပါတယ်။

များမကြာမီက ပြဿနာ ပေါ်ပေါက်ခဲ့တဲ့ ဒုချီးရားတန်း ကျေးရွာဟာလည်း အခု ရဲစခန်း (၃) ခု တိုးချဲ့ ချမယ့် မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိပြီး စခန်းတစ်ခုစီမှာ တပ်ဖွဲ့၀င်အား (၄၅) ဦးနဲ့ ဖွဲ့စည်းပုံ အပြည့်ချသွားမယ်လို့ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူး ဦးရွှေသန်းက ပြောပါတယ်။

ခေတ်မီလက်နက်တွေ တပ်ဆင်ရေးကတော့ အထက်ကို တင်ပြထားတုန်းဘဲလို့ ရဲမှူးကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ကို အရင်ကတော့ နစက တပ်ဖွဲ့၀င်တွေက လုံခြုံရေး တာ၀န်ယူခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်း ပြီးတဲ့ နောက်ပိုင်းမှာ နစကကို ဖျက်သိမ်းပြီး ရဲတပ်ဖွဲ့၀င်တွေကို အစားထိုး တာ၀န် ချထားခဲ့တာ ဖြစ်ပါတယ်။

များမကြာမီကတော့ ဒုချီးရားတန်း ပြဿနာ ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးတိုးမြင့်မယ့် ရည်ရွယ်ချက်နဲ့ နောက်ပိုင်းမှာ ခုလို ရဲစခန်း (၄) ခုကို တိုးချဲ့ချထားဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ