ဇောတိကရေနံဓါတ်ငွေ့ စီမံကိန်းက ကမ်းလှမ်းမှု

  • 25 ဖေဖော်ဝါရီ 2014
gaspipeline ဓာတ်ပုံ မူပိုင် GAIL
Image caption ဓါတ်ငွေ့ နဲ့ ရေနံပိုက်လိုင်း

မြန်မာနိုင်ငံမှာ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ စီမံကိန်း လုပ်ကွက်( ၇) ခု ရရှိထားတဲ့ ထိုင်းသဘာဝ ဓါတ်ငွေ့ ကုမ္ပဏီ ( PTTEP ) ဟာ စီမံကိန်း နေရာတွေမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံ ပြည်သူတွေရဲ့ အကျိုးကို အဓိက ထား ဆောင်ရွက်မယ် လို့ PTTEP ရဲ့ အမှုဆောင် အရာရှိချုပ် Tevin Vongvanich က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

( PTTEP )ဟာ မြန်မာနိုင်ငံမှာ ပထမ ဆုံး ကိုယ်ပိုင် သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်ရေး အဖြစ် ဇောတိက စီမံကိန်း ကို တနင်္သာရီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လုပ်ကိုင်နေတာပါ။ ကုမ္ပဏီ ဘက်က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ ဇောတိက စီမံကိန်း ကို မြန်မာ့ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့လုပ်ငန်း MOGE နဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ ဒီစီမံကိန်း ကနေ တနေ့ ကို ဓါတ်ငွေ့ကုဗပေ သန်း ၃ဝဝ ခန့် ထုတ်ယူမှာ ဖြစ်ပြီး ၂၀ ရာခိုင်နှုန်း ကို မြန်မာနိုင်ငံ စွမ်းအင် လိုအပ်ချက် အတွက် ဖြစ်တဲ့ အကြောင်း Tevin Vongvanich က ပြောပါတယ်။

ဒါ့အပြင် စီမံကိန်း ပိုက်လိုင်း နဲ့ မလွတ်တဲ့ ဒေသခံ ပြည်သူတွေ ရဲ့ မြေယာ နစ်နာကြေးပါ ပေးနေပြီး၊ ဒေသဖွံ့ဖြိုးရေး ပါ ဆောင်ရွက် ပေးနေတယ် လို့ Tevin Vongvanich က ပြောပါတယ်။

ဒါပေမဲ့ တချို့ဒေသတွေ မှာ စီမံကိန်း အနီးတဝိုက် ရှိ သဘာဝ ပတ်ဝန်းကျင် နဲ့ ပြည်သူတွေ ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မရှိကြောင်း သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားမှု၊ ထားဝယ် သုတေသန အသင်းက ဦးဇော်သူရ က ဘီဘီစီ ကို ပြောပါတယ်။ အထူးသဖြင့် ဓါတ်ငွေ့ ထုတ်အပြီး ထွက်လာတဲ့ မာကျူရီ ပြဒါး တွေ ကို ဘယ်မှာ စွန့်ပစ်ထားမှန်းမသိတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အပိုင်းမှာ ထိရောက်မှု မရှိဘူး လို့ ရှင်းပြပါတယ်။