နယ်စည်းမခြား အဖွဲ့ MSF ကို အာဏာပိုင်တွေ ပိတ်ပင်

  • 27 ဖေဖော်ဝါရီ 2014
mobile_team_ ဓာတ်ပုံ မူပိုင် Clement Chauvel MSF
Image caption MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့

ရခိုင်ပြည်နယ်မှာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG အန်ဂျီအို အဖွဲ့တွေရဲ့ လုပ်ငန်းတွေ ဆက်လုပ်ခွင့်ကို ပိတ်လိုက်ပြီလို့ ဒေသ အာဏာပိုင်တွေ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က စစ်တွေမြို့က ရခိုင် ဒေသခံတွေကနေ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG အန်ဂျီအို အဖွဲ့တွေကို ရခိုင်ပြည်နယ်က ထွက်ခွာသွားဖို့ MSF ရုံး အရှေ့ မှာ ထိုင် သပိတ်မှောက် ခဲ့ကြပြီးနောက် အခုလို ဖြစ်လာ ရတာပါ။

ဒုချီးရားတန်း အရေးမှာ နိုင်ငံတကာ အဖွဲ့တွေကို သတင်း အမှားတွေ ပေးခဲ့တယ် ဆိုပြီး စစ်တွေမြို့ ရခိုင် ဒေသခံတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး MSF ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ