မျိုးစောင့် ဥပဒေတွေကိစ္စ သမ္မတကို လွှတ်တော် အကြောင်းပြန်

  • 27 ဖေဖော်ဝါရီ 2014
Burma President U Thein Sein ဓာတ်ပုံ မူပိုင် Reuters
Image caption မျိုးစောင့် ဥပဒေတွေ ပြဌာန်းရေး သမ္မတ ဦးသိန်းစိန်က လွှတ်တော် နာယကကို စာပေးပို့

အမျိုးဘာသာ သာသနာ စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ လေးခု ပြဌာန်း ပေးဖို့ကိစ္စအတွက်နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်နာယက ကို ပေးပို့တဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး သမ္မတကို ဖေဖော်ဝါရီလ ၂၇ ရက် ကြာသပတေးနေ့က အကြောင်းပြန်ခဲ့ပါတယ်။

အဲဒီလို ပြဌာန်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တရားလွှတ်တော်ချုပ်က ဥပဒေကြမ်း တစ်ရပ်စီကို မူကြမ်း ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြန်ကြားလိုက် ပါတယ်။

ကြာသပတေးနေ့ လွှတ်တော် အစည်း အဝေး မတိုင်ခင် ဦးရွှေမန်းက သမ္မတဆီ သူ အကြောင်းပြန်မယ့် သဝဏ်လွှာထဲမှာ ဘာတွေ ပါတယ်ဆိုတာ ပါတီ ခေါင်းဆောင်တွေနဲ့ အရေးပေါ် တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်နာယကရဲ့ အကြောင်းပြန်စာကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် အမတ်တွေ အားလုံးက သဘောတူတယ်လို့ လည်း သူက ပြောပါတယ်။

သမ္မတက ပေးပို့တဲ့ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စကို သမ္မတဆီ တခါပြန်ပို့လိုက် တာဟာ လွှတ်တော် ဘက်က တာဝန်မခံလိုလို့လား ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တော့ ဒါဟာ လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းကို သဘော မပေါက်ကြလို့ ပြောတာ ဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

လွှတ်တော်က ဥပဒေမူကြမ်း ရေးဆွဲရမှာ မဟုတ်ဘဲ ဝန်ကြီးဌာနတွေနဲ့ ဥပဒေကြမ်းတင်သွင်းခွင့် ရှိသူတွေက ပေးပို့လာတဲ့ ဥပဒေကြမ်းတွေကို ဥပဒေ ဖြစ်မဖြစ် စိစစ်ရတာလို့ သူက ဆိုပါတယ်။

အခု လက်ရှိ အခြေ အနေမျိုးမှာ သံဃာတွေနဲ့ ပြည်သူ တစ်သန်းကျော်က တိုက်တွန်းတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒတွေ ပြဌာန်းနိုင်ရေးက နိုင်ငံရေး အရ အရေးကြီးတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။