ရခိုင်ရိုးမမှာ ဒိုင်နိုဆောလို့ ယူဆရတဲ့ ရုပ်ကြွင်း တွေ့

  • 28 ဖေဖော်ဝါရီ 2014
Image caption နှစ်သန်းပေါင်း ၃၀၀ လောက်က ဖြစ်နိုင်တယ်လို့ ခန့်မှန်း

မကွေးတိုင်း ဒေသကြီး နဲ့ ရခိုင်ပြည်နယ် ကြားက ရခိုင်ရိုးမ တစ်နေရာမှာ ဒိုင်နိုဆောနဲ့ အလား သဏ္ဌာန်တူတဲ့ သတ္တဝါကြီး တစ်ကောင် ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခုကို တွေ့ရှိခဲ့ ပါတယ်။

ဒီရုပ်ကြွင်းနဲ့ အတူ ခရုတွေနဲ့ ဒေါင်းတစ်ကောင် အပြင် သစ်ပင် တွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကိုလည်း Asia K.M.T ကုမ္ပဏီက တာဝန် ရှိသူတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိခဲ့သူတွေက ကျွမ်းကျင်သူတွေနဲ့ ပြသကြည့်တဲ့အခါ နှစ်သန်းပေါင်း ၃၀၀ ခန့် သက်တမ်းရှိတဲ့ ဒိုင်နိုဆောရဲ့ ရုပ်ကြွင်းဖြစ်တယ်လို့ ယူဆကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မနက်ဖြန်မှာတော့ အဲဒီနေရာကို ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဘူမိဗေဒ ပညာရှင်တွေနဲ့ သတ္တု တူးဖော်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက် လေ့လာဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ