လယ်တီသိမ် ရွှေ့မှာကို ကန့်ကွက် ဆန္ဒပြ

Image caption လယ်တီသိမ် မဖျက်ရေး အတွက် အရင် ကတည်း က သံဃာတော် တွေပါ ကန့်ကွက်ခဲ့ကြ

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဧရိယာ ထဲမှာ ပါတဲ့ တုံရွာ၊ ဆည်တည်း ၊ ဇီးတော နဲ့ ဝက်မှေး စတဲ့ ကျေးရွာ ၁၃ ရွာက လယ်သမား ၄၀၀ ကျော်ဟာ လယ်တီ သိမ်ကို ရွေ့ပြောင်း တော့မယ်လို့ အစိုးရက တရားဝင် ထုတ်ဖေါ် ပြောလိုက်ပြီးတဲ့ နောက်ပိုင်းမှာ စနေနေ့က ပထမဆုံး အကြိမ် ဆန္ဒပြ ခဲ့ ကြပါ တယ်။

ဒေသခံတွေ ကတော့ လယ်တီသိမ် မဖျက်စီးဖို့ အရေး တောင်းဆို နေပေမယ့် အစိုးရ ကတော့ နိုင်ငံတော် ဩဝါဒ စရိယ ဆရာတော်တွေ အမိန့် အရ အရင်က ဘဏ္ဍာစား အဖြစ် ပေးပြီး ရွေ့ပြောင်း ခဲ့တဲ့ သာဓကတွေ အရ မူလ စေတီထက် ဉာဏ်တော် နှစ်ဆ မြင့်တဲ့ စေတီ တည်ဆောက် ပေးမယ်လို့ အစိုးရ သတင်းစာ ကနေ ဖေါ်ပြထား ပါတယ်။

နဂိုမူလ မြေ အကျယ် အဝန်း ထက်လည်း ၃ဆ ကျော် ကျယ်ပြီး၊ စေတီသစ် ကိုလည်း ပိုကြီးအောင် တည်ဆောက် ပေးမယ် ဆိုပေမယ့်၊ လယ်တီ သိမ်ကို ဖျက်ဆီး ပြီးမှ ရွှေ့မှာ ဖြစ်တဲ့ အတွက် ဒေသခံ တွေက မကျေနပ် ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲ တွေကို သက်ဆိုင် ရာက တရားဝင် ခွင့်ပြုချက် ပေးတာမို့ အနှောင့် အယှက် မရှိ ဆန္ဒပြခဲ့ ရပေမယ့် လယ်တီ သိမ် ရှိတဲ့ တောင်ကြားကို ဘယ် ဒေသခံမှ သွားခွင့် မရတော့ ဘူးလို့ ပြောကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ