အိန္ဒိယ ဝန်ကြီးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

  • 3 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဘင်းစတက် အဖွဲ့ဝင် အကြီးအကဲတွေကို နေပြည်တော်မှာ တွေ့ရစဉ်။

မြန်မာနိုင်ငံမှာ မနက်ဖြန် ကျင်းပမယ့် ဘင်းစတက်လို့ ခေါ်တဲ့ ဘင်္ဂလား ပင်လယ်အော် ဒေသ နိုင်ငံများအဖွဲ့ရဲ့ ညီလာခံကိုတက်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။

၂၀၁၂ မေလက တစ်ခေါက် လာဖူးသေးတဲ့ ဒေါက်တာ မန်မိုဟန်ဆင်းအတွက် ဒီအခေါက်ဟာ သူ့ရဲ့ ၂ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။

သူဟာ သမ္မတ ဉီးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံကြရာမှာ သတင်းအချက်အလက် နည်းပညာ၊ ပညာရေး၊ စိုက်ပျိုရေး နဲ့ စက်မှုကဏ္ဏတွေမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နည်းပညာ အကူအညီတွေ ပိုမိုပေးအပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စွမ်းအင်နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေမှာလည်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ဖို့ တိုင်ပင်ခဲ့ကြသလို ၂နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့ကြတဲ့အထဲ ပါဝင်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဇီနာလည်း နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာရာမှာ သမ္မတ သိန်းစိန်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း ဒီကနေ့ ညနေပိုင်းက သီးခြားစီ တွေ့ခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ