ထိုင်းအရှေ့မြောက် ၅ ခရိုင် မြန်မာပြည်မှာ မြုပ်နှံလို

  • 3 မတ် 2014
ဓာတ်ပုံ မူပိုင် Mehr
Image caption ထိုင်းနိုင်ငံက ဆန်တွေကို စျေးကွက်ကို တင်ပို့ဖို့ စီစဉ်နေ

လာအိုနိုင်ငံနဲ့ ထိစပ်နေတဲ့၊ ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဒေသ ၅ ခရိုင်က လုပ်ငန်းရှင်တွေ ဟာ မြန် မာနိုင်ငံကို သွားပြီး ရင်းနှီးမြှုပ်နှံချင်နေကြကြောင်း သတင်းရရှိပါတယ်။

ထိုင်းနိုင်ငံမှာ အီဆန်လို့ လူသိများတဲ့ ဒီဒေသက ၊ဉဒေါင်ဌာနီ၊ နောင်ခိုင်း၊ လေ၊ နောင်ဘိုဝါလမ်ဖွန်နဲ့ ဘိင်ကန်ခရိုင်တွေဟာ သူတို့ဒေသနဲ့ ထိစပ်နေတဲ့ လာအိုအပြင် ဗီယက်နမ်နိုင်ငံ အထိ ကုန်သွယ်တဲ့ အတွေ့အကြုံရှိပြီးသားသူတွေဖြစ်ကြပါတယ်။

အခု မြန်မာနိုင်ငံဟာ နိုင်ငံတကာကို ဖွင့်ပေးတဲ့ နိုင်ငံအသစ် တနိုင်ငံဖြစ်ပြီးတော့၊ နိုင်ငံရေးကလည်း တိုးတက်ပြောင်းလဲကာ လူဉီးရေလည်းများပြီး နိုင်ငံကိုလည်း ဖွံ့ဖြိုးအောင် လုပ်နေကြတော့၊ လူတိုင်းကသွားပြီး ရင်းနှီးမြှုပ်နှံချင်ကြတာလို့ မြန်မာနိုင်ငံကိုသွားပြီး ရင်းနှီးမြှုပ်နှံချင်ရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကိုသွားမယ့် ထိုင်းအီဆန် ၅ ခရိုင်က အာဏာပိုင်တွေကို ဉီးဆောင်တဲ့ခရီးစဉ်မှာ ပါတဲ့၊ ကုန်သည် မစ္စကျန်ဖေန်က ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်ကို ဉီးဆောင်သွားတဲ့ ဘိင်ကန်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ချလိုထော်န် ဖါခုတါခုတ်ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံကို သွားပြီး စျေးကွက်ဖွင့်ချင်တာက ကျွန်တော်တို့ ဒေသက နိုင်ငံတကာကို တင်ပို့နေတဲ့ စံချိန်မှီ ကြွေထည်တွေ လျှပ်စစ်ပစ္စည်းတွေနဲ့ ဒေသတွင်းထွက်ကုန် နိုင်ငံတကာစံချိန်မှီ အရည်အသွေးရှိတဲ့ ၊ဆန်၊ ကောက်ညှင်းဆန်နဲ့ မုန့်ဆန်းတွေ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီ ထိုင်းအီဆန် ၅ ခရိုင်မှာ လူဉီးရေ ၃ သန်းလောက်ရှိပြီး ဒေသတွင်းကလူထုတွေရဲ့ အဓိကသက် မွေးဝမ်းကြောင်းဟာ လယ်ယာလုပ်ငန်း ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းတာ၀န်ရှိသူတွေက နိုင်ငံတကာ စံချိန်မှီ ဆန်နဲ့ကောက်ညှင်းတွေကို စိုက်ပျိုးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

မုန့်ဆန်းနဲ့ ကောက်ညှင်းလုံးတီးဆန်တွေကိုလည်း ဒေသတွင်း ထူးခြားထုတ်ကုန်တွေအနေနဲ့ ထုတ်လုပ်ပြီး၊ ပြည်တွင်း၊ ပြည်ပစျေးကွက်တွေကို တင်ပို့ပြီး ဒေသတွင်းက လူထုတွေ ဝင်ငွေပိုရအောင်ဆောင်ရွက်ပေးနေတယ် လို့ ထိုင်းအီဆန် ၅ ခရိုင်က အာဏာပိုင်တွေက ပြောပါတယ်။

အခုလည်း ထိုင်းအီဆန် ၅ ခရိုင်က အာဏာပိုင်တွေက ဒေသတွင်း ထုတ်ကုန်ထုတ်လုပ်သူ တွေနဲ့ လုပ်ငန်းရှင်တွေကို ဉီးဆောင်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်သွားရောက်တာ ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ