နေပြည်တော် ဘင်းစတက် ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption ဘင်းစတက် အတွင်းရေးမှူးချုပ်ရုံးကို လာမယ့် မေ ၁ရက်နေ့ မှာ စဖွင့်ဖို့ သဘောတူ

နေပြည်တော် မှာ ကျင်းပနေတဲ့ တတိယ အကြိမ်မြောက် ဘင်္ဂလား ပင်လယ်အော်ဒေသနဲ့ တောင်အာရှနိုင်ငံ တွေ ပါဝင်တဲ့ ဘင်းစတက် ထိပ် သီးဆွေးနွေးပွဲ ဒီနေ့ ပြီးဆုံးပြီဖြစ်ပါတယ်။

ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေ အကြား စီးပွားရေး ကုန် သွယ်မှူ ပူးပေါင်း ဆောင်ရွတ် နိုင်ဖို့ စုစည်းခဲ့တာ ဖြစ်ပေမယ့်၊ ဒီအဖွဲ့မှာ အရှေ့ တောင်အာရှနိုင်ငံ များအသင်း အာဆီယံ နဲ့ နှိုင်းယှဉ် ရင်တော့ သိပ်ခိုင်ခိုင်မာ အားရှိလှတဲ့ အဖွဲ့ လို့ ပြောလို့ မရ နိုင်သေးပါ ဘူး။ နေပြည်တော် မှာ ကျင်းပပြီ စီးသွားတဲ့ တတိယအကြိမ် ထိပ်သီးအစည်းဝေးမှာ တော့ အရင်ကလို မဟုတ်ပဲ၊ အာဆီယံအဖွဲ့ ပုံစံ အထွေထွေ အတွင်း ရေး မှူးချုပ် တစ်ယောက် ခန့် အပ်ဖို့ ကို သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေရှ် နိုင်ငံ ဒါကာမြို့တော် မှာ အတွင်း ရေးမှူးချုပ် ရုံးကို လာမယ့် မေ လ ၁ရက် နေ့ မှာ စဖွင့်ဖို့ကိုလည်း အတည်ပြုလိုက်နိုင်ပါတယ်။

ဒီတော့ ဘင်းစတက် အဖွဲ ကြီးဟာ တကယ်ပဲ အာဆီယံလိုဖြစ်လာနိုင်တဲ့ အခြေအနေရှိ သလား ဆိုတဲ့အပေါ်မှာ စီးပွားရေးနဲ့ နိုင်ငံ ရေးဆောင်းပါးတွေ ရေးသား နေ သူ သဗွိုက်စ်ဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါး ရှင်လည်း ဖြစ်၊ အယ်ဒီတာချုပ် လည်း ဖြစ်တဲ့ ကိုဇေယျသူကတော့ မြန်မာနိုင်ငံ ဟာ ဘင်စထက် အဖွဲ့ထဲမှာ တောင်အာရှ နဲ့ အရှေ့တောင်အာရှနိုင်ငံ တွေကို ချိတ်ဆက်ပေး နိုင်တဲ့ ပထဝီ နိုင်ငံ ရေးကိုလည်း ပိုင်ဆိုင်တော့ အဓိက ကိုယ့်ရဲ့အားသာချက်ကို ထုတ်နှုတ်ပြီး အသုံးချဖို့ လိုပါလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဘင်းစတက်ညီလာခံအပြီး ထုတ်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ကုန်သွယ်ရေး ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာ ဖလှယ်မှုနဲ့ ဆင်းရဲ မွဲ တေမှု လျှော့ချ ရေးတို့ကို ပူးပေါင်း ဆောင်ရွက်မယ် လို့ ဖော်ပြထားပါတယ်။