အင်းပတီး ဒုက္ခသည်တွေကို စစ်တပ် မောင်းထုတ်

School Children in Dawkarli village ဓာတ်ပုံ မူပိုင် bbc
Image caption စာသင်ကျောင်း ဖျက်ခံရတဲ့ ဒေါ်ကာလီရွာက ကလေးများ

ရန်ကုန်တိုင်း လှည်းကူး မြို့နယ် အင်းပတီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ် အရာရှိ နှစ်ယောက် အပါ အဝင်တပ်သား ၁၉ ယောက်က ကျောင်းရဲ့ အောက်ခြေတိုင် တွေကိုဓါးနဲ့ ခုတ်ဖြိုလှဲ ခဲ့ပြီး ဒုက္ခသည် အဖြစ် ခိုလှုံနေတဲ့ အိမ်ထောင်စု(၃၀)ကျော်ကို မောင်းထုတ်ခဲ့ ပါတယ်။

အင်းပတီးရွာနဲ့ သမီးကလေးရွာ အပါအဝင် ရွာပေါင်း ၆ ရွာကို တပ်ပိုင်မြေ ဆိုပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဖျက်သိမ်း ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် အင်းပတီးရွာ ကမ္မဌာန်း ဘုန်ကြီးကျောင်း အနီးမှာ ယာယီ တဲထိုး နေထိုင် ကြတဲ့ မိသားစုတွေ အပါအဝင် ဘုန်ကြီးကျောင်းကိုပါ ပဲခူး တောင်သုံးလုံး စစ်လက်နက် ခဲယမ်း မီကျောက်တပ်က ဗိုလ်ကြီးနှစ်ယောက် ဦးဆောင်ပြီး ဖျက်ဆီးခဲ့တယ်လို့ ရွာသား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရွာသား တွေက သူတို့ နေစရာမရှိလို့ နေရတာ ဖြစ်ကြောင်း တောင်းပန် ပေမဲ့ မတ်လ ၅ ရက်နေ့မှာ မဖယ်ပေးရင် ဖမ်းဆီးမယ်လို့ ပြောခဲ့ကြောင်းလည်း အဲဒီ ရွာသားက ပြောပါတယ်။

အင်းပတီးရွာမှာ နှစ်ပေါင်း ၆၀ ကျော် နေထိုင်လာခဲ့တဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကတော့ တပ်တွေမရှိခင် ကတည်းက ရွာရှိခဲ့တာဖြစ်ပြီး သူတို့ ဘိုးဘွားတွေ လက်ထက် ကတည်းက နေလာခဲ့တာလို့ မိန့်ပါတယ်။

သမီးကလေး ကျေးရွာမှာလည်း တနင်္လာနေ့က မိသားစု ၃၁ စုဟာ ယာယီတဲတွေ ဖျက်ပေးလိုက်ရပြီး အောင်သိဒ္ဓိ ဘုန်ကြီးကျောင်း ဝင်းထဲက ဆွမ်းစားဆောင်မှာ ပြောင်းရွေ့ နေထိုင်ကြရ ပါတယ်။

တခြား ဖျက်သိမ်းခံရတဲ့ ရွာတွေက ရွာသားတွေလည်း နီးစပ်ရာကို ပြောင်းရွှေ့ ခိုလှုံနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ