ကာချုပ်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလ ငြိမ်းချမ်းရေး တပ်မှာ မြန်မာ စစ်တပ် ပါနိုင်ဖို့ ကြိုးစား မယ်လို့ ဗိုလ်ချုပ်မှူးကြီး ပြော

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်း ပွဲမှာ အာဆီယံ ဒေသ တွင်း ပုံမှန် မဟုတ် တဲ့ ခြိမ်းခြောက် မှုတွေ ရှိနေ ကြောင်း ဗိုလ်ချုပ်မှူးကြီး က ပြောကြား သွားပါတယ်။

တောင်တရုတ် ပင်လယ် အရေးမှာ ငြိမ်းချမ်းစွာ ဖြေရှင်း တာကို မြန်မာ နိုင်ငံ အနေနဲ့ ထောက်ခံ မယ် လို့လည်း ပြောကြား ခဲ့ပြီး၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်မှာ မြန်မာ စစ်တပ် ပါဝင် နိုင်ဖို့ ကြိုးစား မယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြား ပါတယ်။

နေပြည်တော် မှာ ပြုလုပ် ခဲ့တဲ့ ဒီပွဲဟာ သတင်း မီဒီယာ တွေနဲ့ ပထမဆုံး တွေ့ဆုံ ခဲ့တဲ့ ပွဲလည်း ဖြစ်ပြီး၊ အချိန် အားဖြင့် နာရီဝက် လောက်ဘဲ ကြာမြင့် ခဲ့ သလို၊ MRTV4 ၊ မြန်မာ့ သတင်းစဉ်နဲ့ မြဝတီ သတင်းထောက် တွေသာ မေးဖို့ အချိန် ရလိုက် ပါတယ်။

ဒီပွဲမှာ အာဆီယံ စစ်ဦးစီးချုပ် များရဲ့ အလွတ် သဘော ဆွေးနွေးပွဲနဲ့ ပတ်သက် တာတွေကို ပဲ မေးရ မယ်လို့ ကြိုတင် ကန့်သတ် ထားတာလည်း ရှိပါ တယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်က ခုလို သတင်းစာ ရှင်းလင်းပွဲကို တက်လာတာ ကတော့ ထူးခြားတယ် လို့ဆိုရ မှာပါ။

ဒါပေမယ့် မြန်မာ နိုင်ငံမှာ လက်ရှိ ဖြစ်ပျက် နေတဲ့ ငြိမ်းချမ်းရေး ကိစ္စလို အများ ပြည်သူ သိချင်တဲ့ မေးခွန်းတွေ ကိုတော့ မေးခွင့် မရနိုင် သေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ