KNU ဥက္ကဌကို ကာကွယ်ရေးဦးစီးချုပ် လက်ခံတွေ့ဆုံ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံတွေ့ဆုံခဲ့ပါတယ်။

မနေ့က မတ်လ (၇)ရက် မွန်းလွဲ (၂)နာရီခွဲမှာ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောတူးမူးဆေးဖိုး ခေါင်းဆောင်တဲ့ အဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က သောကြာနေ့ ညနေ၅နာရီတုန်း ကလည်း ကေအန်ယူ ဥက္ကဌနှင့်အဖွဲ့ကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တို့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ