ဒူးချီးရားတန်း (အလယ်ရွာ) မီးလောင်

ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ်မှာ အရင်တုန်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတခု မြင်ကွင်း

မောင်တော မြို့နယ် ဒူးချီးရားတန်း (အလယ်ရွာ) မှာ မတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၂လုံးနဲ့ ဘာသာရေး အဆောက်အဦ တလုံး မီးထဲ ပါသွားခဲ့ပါတယ်။

မနက် ၁၁နာရီခွဲမှာ မီးငြိမ်းသွားကြောင်း သိရပြီး မီးလောင်ရာဒေသကို အမှတ် ၄ ရဲတပ်ရင်းမှူး ရဲမှူးချုပ် ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ တာ၀န်ရှိသူတွေ သွားရောက်ခဲ့ကြပါတယ်။

မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ အဆိုအရ ဒီမီးဟာ ရှို့မီး ဖြစ်တယ်လို့ စုံစမ်း သိရတဲ့ အတွက် တရားခံ ဖမ်းဆီး နိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ထိခိုက် သေဆုံးမှု တစုံတရာ မရှိဘူးလို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီ ၂၈ ရက်တုန်း ကလည်း ဒူးချီးရားတန်း ရွာမှာ မီးလောင်ခဲ့ပြီး အိမ်ခြေ ၁၆ လုံးမီးထဲ ပါသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ