အစိုးရနဲ့ လက်နက်ကိုင် ပူးတွဲ ကော်မတီ ဖွဲ့မယ်

ဓာတ်ပုံ မူပိုင် nyo ohn myint MPC
Image caption တဖက် ၉ ဦးစီ ပါတဲ့ ကော်မတီ ဖွဲ့မယ်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးတွဲ ကော်မတီ ဖွဲ့ဖို့ သဘောလိုက်ပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသား ငြိမ်းချမ်းရေး ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ မတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် တိုင်းရင်းသားတွေက တစ်စောင်ရေး၊ အစိုးရဘက်က တစ်စောင်ရေးပြီး အဆင့်ဆင့် ဆောင်ရွက်နေတာ အချိန်ကြာတဲ့အတွက် အခုအခါ တဖက် ၉ ဦး စီပါတဲ့ ကိုယ်စားလှယ်တွေနဲ့ စုပေါင်း ရေးဆွဲကြမှာ ဖြစ်ပါတယ်။ အစိုးရဘက် ကိုယ်စားလှယ်အနေနဲ့ အုပ်ချုပ်ရေးပိုင်းက ၃ ဦး၊ တပ်မတော်က ၃ ဦးနဲ့ လွှတ်တော်က ၃ ဦး စီ ပါဝင်မှာ ဖြစ်ပါတယ်။

လောလောဆယ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အဓိကထား ရေးဆွဲမှာ ဖြစ်ပြီး တချို့အချက်တွေက အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ သဘောတူထားတယ်၊ နဂိုမူတွေပေါ် အခြေခံပြီး ရေးဆွဲကြမှာ ဖြစ်တယ်လို့ (NCCT) အဖွဲ့ဝင် နိုင်ဟံသာက ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက် စုပေါင်းရေးဆွဲမှာ ဖြစ်လို့ ညှိုနှိုင်းမှု ပိုမို မြန်ဆန်လာမယ်၊ ဆွေးနွေးပွဲတွေကို ရန်ကုန်မှာ ပြုလုပ်ဖို့ ဖြစ်နိုင်ခြေ အများဆုံး ရှိပြီး ပြည်ပမှာလည်း ဆွေးနွေးပွဲတွေ လုပ်နိုင်တယ်လို့ ငြိမ်းချမ်းရေး စင်တာက ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ