လယ်တီသိမ်ရွှေ့ဖို့ အနီးက စေတီနှစ်ဆူစဖြို

_bbc_304x171
Image caption လက်ပံတောင်းကြေးနီစီမံကိန်းအတွက် သိမ်ရွှေ့

လက်ပံတောင်း ကြေးနီ စီမံကိန်း အတွင်းရှိ လယ်တီသိမ် ကို စတင်ရွှေ့ဖို့ အတွက် အစီရင်ခံစာ အကောင်အထည် ဖေါ်ရေး ကော်မတီက ဆုံးဖြတ်ပြီး လယ်တီသိမ် ဘေးနားရှိ စေတီ နှစ်ဆူ ကို စတင်ဖျက်နေတဲ့ အကြောင်း ဒေသခံ တွေ က ပြောပါတယ်။

ဒေသခံတွေ ရဲ့ ဆန္ဒသဘောထား နဲ့ အညီ ဆောင်ရွက်ရမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီ ရဲ့ အစီရင်ခံစာ မှာ အတိအလင်း ပါပေမဲ့၊ အကောင်အထည် ဖေါ်ရေး ကော်မတီ ဘက်ကတော့ ဒေသခံတွေရဲ့ ဆန္ဒ ရယူတာမျိုး မရှိပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီပါတီ ရဲ့ ပုလဲလွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် က ဒီကိစ္စ နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရဲ့ အစီရင်ခံစာကို အကောင်အထည် ဖေါ်တဲ့ ကော်မတီ ဥက္ကဌ နဲ့ သတ္တုတွင်း ဝန်ကြီး ထံ၊ စာတွေ ပို့ထားပြီး တွေ့ဆုံ ဆွေးနွေးလိုကြောင်း ပြောထားပေမဲ့၊ အခုထိ အကြောင်း မပြန်သေးကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒါကြောင့်မို့ ဒီလွှတ်တော် မပြီးခင်မှာ အဆိုတရပ်၊ ဒါမှမဟုတ် မေးခွန်းထုတ်ဖို့ ရှိတဲ့ အကြောင်းနဲ့ ဒေသခံ ပြည်သူတွေ ကျေနပ်အောင်၊ အငြင်းပွားဘွယ်ရာတွေ မဖြစ်အောင်၊ ဒီ အချိန်မှာ လယ်တီသိမ် ရွှေ့တဲ့ ဆောင်ရွက်ချက် ကို မလုပ်စေချင်တဲ့ အကြောင်းလည်း၊ အမျိုးသားဒီမိုကရေစီပါတီ ရဲ့ ပုလဲလွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် က ဘီဘီစီ ကို ပြောပါတယ်။