မြန်မာအတွက် ဗြိတိန် အကူအညီ သန်း ၁၀၀ တိုးမယ်

  • 13 မတ် 2014
ဓာတ်ပုံ မူပိုင် PA
Image caption မြန်မာအစိုးရရဲ့ စကားကို ယုံလွယ်တယ်လို့ အချို့က ဝေဖန်

ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကို နှစ်စဉ် ပေးနေတဲ့ ပေါင်စတာလင် သန်း ၆၀ အကူအညီကို သန်း ၁၀၀ အထိ တိုးပေးဖို့ ဗြိတိန် ပါလီမန် နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေး ကော်မတီက ထောက်ခံ တင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် အခုလို ပါလီမန် ကော်မတီက အကူအညီ တိုးပေးဖို့ ထောက်ခံ လိုက်တဲ့အတွက် မြန်မာ အစိုးရရဲ့ ပြောစကားကို ယုံလွယ်တဲ့ ပုံမျိုး ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

ပါလီမန် ကော်မတီကတော့ အခုလို အကူအညီ တိုးပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။

အီးယူ ဥရောပသမဂ္ဂ ကလည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ၂၀၁၃ ခုနှစ်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ