မြန်မာ့လူ့အခွင့်အရေးနေ့ ၂၆ နှစ်ပြည့်

_bbc_304x171 ဓာတ်ပုံ မူပိုင် bbc
Image caption ၁၉၈၈ ခု ကျောင်းသားထုလူ့အခွင့်အရေးတောင်း

မြန်မာ့ လူ့အခွင့်အရေးနေ့ အဖြစ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် နဲ့ ကိုစိုးနိုင် တို့ ကျဆုံးတဲ့ ၁၉၈၈ ခု၊ မတ်လ ၁၃ ရက်နေ့ ကို သတ်မှတ်ခဲ့တာ ၂၆ နှစ်ပြည့် ခဲ့ပါပြီ။

ကျောင်းသားလှုပ်ရှားမှု တွေ ဟာ ၁၉၆၂ ခု၊ စစ်တပ် အာဏာသိမ်းပြီးကတည်းက မကြာခဏ ဆိုသလို ပေါ်ပေါက်ခဲ့တဲ့ အနက်၊ ကိုဖုန်းမော် နဲ့ ကိုစိုးနိုင် တို့ လုံထိန်းတပ်ဖွဲ့ လက်ချက် နဲ့ စက်မှု တက္ကသိုလ်ဝင်း ထဲမှာ ပစ်ခတ် ခံရတဲ့ နေ့ ကိုမှ မြန်မာ့ လူ့အခွင့်အရေး နေ့ အဖြစ် ရွေးချယ် သတ်မှတ်ခဲ့တာ နဲ့ ပတ်သက်ပြီး ၈၈ အရေးအခင်း မှာ ဦးဆောင် ပါဝင်ခဲ့သူ တဦး ဖြစ်တဲ့ ကိုဇော်မင်း က ၁၉၈၈ ခု ဒီမိုကရေစီ အရေးတော် ပုံ ဟာဆိုရင် တနိုင်ငံလုံး ပါဝင် လှုပ်ရှား တောင်းဆိုခဲ့ပုံ၊ နိုင်ငံရေး ပါတီတွေလည်း ပေါ်ပေါက်ခဲ့ရာမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလရောက်ခဲ့လို့ ကိုဖုန်းမော် ကျဆုံးတဲ့ တနှစ်ပြည့် ၁၉၈၉ ခု မတ်လ မှာ ကျောင်းသားထု တညီတညွတ်ထဲ သဘောတူ ဆုံးဖြတ်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုခေတ် ကျောင်းသား လူငယ်တွေဟာ၊ ကနေ့ကမ္ဘာ မှာ ဖြစ်ပျက်နေတာတွေ ကို မျက်ခြေ မပြတ်သလို၊ ပြည်တွင်း လူ့အခွင့်အရေး တောင်းဆိုမှု တွေမှာ ပါဝင်နေကြတာ ကို တွေ့ ရတဲ့ အတွက် ၈၈ အရေးအခင်း အတွင်းမှာ ငယ်ရွယ်သူတွေ ဖြစ်ကြပေမယ့်၊ နိုင်ငံရေး ရင့်ကျက်မှု၊ ကိုယ်ရည်ကိုယ်သွေးမြင့်မား တာကို တွေ ရလို့ ကျေနပ် အားရမှု ရှိခဲ့ကြောင်း လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အနေအထား က နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်း မမီတာ တွေ့ရဆဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ လယ်သမား၊ ကျောင်းသား၊ အလုပ်သမား၊ အမျိုးသမီး တို့ တောင်းဆိုမှု တွေ ကဏ္ဍ အလိုက်ကွဲ နေကြပေမဲ့ တနေ့မှာ တူညီတဲ့ ဆုံမှတ် ကို ရောက်လာနိုင် လို့ လူငယ်ကျောင်းသားထု လိုလားတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရရှိနိုင်တဲ့ အကြောင်း လည်း ၈၈ အရေးအခင်း မှာ ဦးဆောင် ပါဝင်ခဲ့သူ တဦး ဖြစ်တဲ့ ကိုဇော်မင်း က ရှင်းပြပါတယ်။