တရားမ၀င်NGOတွေကို ပိတ်ပင်ဖို့ ရခိုင်ပါလီမန် ဆုံးဖြတ်

  • 14 မတ် 2014
ဓာတ်ပုံ မူပိုင် MSF
Image caption NGO တခုဖြစ်တဲ့ နယ်စည်းမခြား ဆေးကုသရေး အဖွဲ့ရဲ့ ဆေးခန်းတခု

ရခိုင်ပြည်နယ်အတွင်း ၀င်ရောက် လုပ်ကိုင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေထဲမှာ အန်ဂျီအို အများအပြားဟာ မှတ်ပုံမတင်ဘဲ တရားမ၀င် လုပ်ကိုင်နေတဲ့ အတွက် ပိတ်ပင်သွားဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က အဆိုတင်သွင်းရာမှာ အောင်မြင်မူ ရသွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အတွင်း ၀င်ရောက်လုပ်ကိုင်နေတဲ့ ပြည်တွင်း ပြည်ပ အန်ဂျီအိုပေါင်း ၆၈ ခုရှိနေတဲ့ အထဲမှာ အန်ဂျီအို ၁၅ ခုခန့်သာ တရား၀င် မှတ်ပုံတင်နဲ့ လုပ်ကိုင်နေတာ ဖြစ်တဲ့ အတွက် မှတ်ပုံမတင်ဘဲ လုပ်နေတဲ့ အန်ဂျီအိုတွေကို ပိတ်ပင်သွားဖို့ ရခိုင်ပြည်နယ် လွှတ်တော်အတွင်း အဆိုတင်သွင်းရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံတဲ့ အတွက် ဒီအဆိုဟာ အောင်မြင်မူ ရသွားတယ်လို့ သိရပါတယ်။

တရားမ၀င် ၀င်ရောက် လုပ်ကိုင်နေတဲ့ အန်ဂျီအိုတွေကြောင့် ထိခိုက်မူတွေ ရှိနေတဲ့ အတွက် ခုလို ပိတ်ပင်ဖို့ အဆိုတင်သွင်းရတာ ဖြစ်တယ်လို့ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။ ဒီအဆိုကိုတော့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်၀င်းက တင်သွင်းတာဖြစ်ပြီး ကျန် လွတ်တော်ကိုယ်စားလှယ် (၄) ဦးက ထောက်ခံဆွေးနွေးတဲ့ နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံတဲ့ အတွက် အောင်မြင်မူ ရသွားတာ ဖြစ်ပါတယ်။

အခုလို တရားမ၀င် အန်ဂျီအိုတွေကို ပြည်နယ် အစိုးရ အနေနဲ့ အရေးယူ ဆောင်ရွက်သွားမယ့် အစီအစဉ်ကိုလည်း စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် ပြောပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ အန်ဂျီအိုတွေနဲ့ ရခိုင်ဒေသခံတွေ အကြား မပြေလည်မူတွေ တိုးပွား လာတဲ့ အချိန်မှာ ခုလို မှတ်ပုံမတင်တဲ့ အန်ဂျီအိုတွေကို ပိတ်ပင်ဖို့ ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ