ဟက်ကသွန် ပြိုင်ပွဲ ပထမဆုံး အကြိမ် ကျင်းပ

_software ဓာတ်ပုံ မူပိုင် eyewire
Image caption ဆော့ဖ်ဝဲ ရေးဆွဲ ပြိုင်ပွဲ

မြန်မာ နိုင်ငံက အခက် အခဲတွေကို နည်းပညာ သုံး ဖြေရှင်းနိုင်ရေး အတွက် internews နဲ့ အူရီးဒူး ဆက်သွယ်ရေးကုမ္ပဏီ Ooredoo Media တို့က စီစဉ်တဲ့ ဆော့ဖ်ဝဲ ရေးမယ့် ပြိုင်ပွဲကြီးကို မတ်လ ၁၄ ရက်နေ့ က ရန်ကုန် မှာ စတင်ပါတယ်။ ဒီ ဆော့ဖ်ဝဲ ပြိုင်ပွဲကြီး က တော့ မြန်မာ နိုင်ငံ မှာ ပထမဆုံး ကျင်းပတဲ့ ဟက်ကသွန် ပြိုင်ပွဲ လို့ ဆိုရမှာပါ။

ဟက်ကသွန် ဆိုတာ ကတော့ နည်းပညာရှင်တွေ ဟာ အချိန်အားဖြင့် ၁ ရက် ကနေ အများဆုံး တပတ် အတွင်း အားသွန် ခွန်စိုက်နဲ့ ပညာရေး လူမှုရေး အခက် အခဲတွေ အတွက် ဆော့ဖ်ဝဲ တွေ ရေးဆွဲ ကြတာ ဖြစ်ပါ တယ်။ အခု ကျင်းပနေတာ ကတော့ အဲဒီလို ဆော့ဖ်ဝဲ ရေး ဆွဲဖို့ အတွက် မြန်မာ နိုင်ငံက လူငယ် နည်းပညာ သမားတွေကို အဖွဲ့လိုက် ဖွဲ့ပြီး ၄၈ နာရီ အတွင်း အပြီး ရေးဆွဲ စေပြီး ယှဉ်ပြိုင်စေဖို့ ဖြစ်ပါတယ်။ ဒီပွဲကို internews ရဲ့ code for change myanmar ဆိုတဲ့ မြန်မာပြည် တိုးတက် ပြောင်းလဲရေး အတွက် နည်းပညာ အစီအစဉ် အောက် မှာ ကျင်းပတာဖြစ်ပြီး အူရီဒူး Ooredoo Media နဲ့ ဝေါလ်ဘဏ် ဂရုပ် world bank group တို့ ကလည်း အားဖြည့်ကူ ညီပေးထားတာ ဖြစ်ပါတယ်။

ဒီပွဲကျင်းပရခြင်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး၊ အင်တာနယူးစ်က code for change myanmar အစီအစဉ်ကို တည်ထောင်သူ အကြီးတမ်း မဟာဗျူဟာ အကြံပေး အရာရှိ ဒေးဗစ် မက်ဒန်က လူ့မှုဘဝတွေ က အခက်အခဲတွေ ကို နည်းပညာ သုံးပြီး ဘယ်လို ဖြေရှင်း နိုင်တယ်ဆိုတာ ကို ပြသ နိုင်ဖို့ ဖြစ်ပြီး တကယ့်ကို ထူးခြားတဲ့ နည်းလမ်းလို့ ရှင်းပြပါတယ်။ မြန်မာနိုင်ငံ က လူငယ် နည်းပညာ သမားတွေကို ခေါ်ပြီး အခန်း တခုတည်း မှာ ပြဿနာတွေ ချပြပြီး သူတို့ဟာ ပင်ကိုယ် နည်းပညာ အရည်အသွေးနဲ့ ၄၈ နာရီအတွင်း ဘယ်လို အဖြေရှာ မလဲ ဆိုတာကို ကြည့်ကြရမှာ ပါလို့ မစ္စတာ မက်ဒန် က ပြောပါတယ်။

အခုလို ချပြမဲ့ ပြဿနာ အခက်အခဲ ခေါင်းစဉ် ၈ ခု ချပြ ထား မှာ ဖြစ်ပြီး၊ အဲဒီ အထဲမှာ အန်ဂျီအိုတွေက တင်ပြထားတဲ့ ရောဂါ ဘယ ဘေးဆိုင်ရာ၊ hiv aids ပျံ့နှံ့နေမှု၊ တောင်သူလယ်သမားတွေအတွက် မိုဘိုင်း ဆက်သွယ်ရေး စတဲ့ အခက်ခဲ တွေ လည်းပါမှာ ဖြစ်ပါတယ်။