သန်းခေါင်စာရင်း ရိုဟင်ဂျာနာမည်ထည့်မကောက်ဖို့ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာသာရေးပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ရှိနေ

သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ရိုဟင်ဂျာဆိုတဲ့ နာမည်ထည့်သွင်းမှာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒုပြပွဲတွေကို ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ အပါအဝင် အနည်းဆုံး မြို့ (၁၁) မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

စစ်တွေမှာတော့ လူပေါင်း သောင်းနဲ့ချီတဲ့ ပြည်သူတွေက ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက သူတို့ရဲ့ တောင်းဆိုမူကို မလိုက်လျောဘဲ သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ ရိုဟင်ဂျာအမည်ကို ထည့်သွင်း အသုံးပြုခွင့်ပြုမယ်ဆိုရင် သန်းခေါင်စာရင်း ကောက်ယူမူကို ရခိုင်ပြည်နယ် တစ်ခုလုံးမှာ သပိတ်မှောက်သွားမယ်လို့လည်း ပြောဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းအရ အဲဒီအတိုင်းဖြည့်ရမယ်ဆိုတာမှန်တယ်၊ ဒါပေမယ့် ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လူမျိုးနာမည်မဟုတ်ဘူးဆိုပြီး နိုင်ငံအကြီးအကဲက တရားဝင် ပြောထားပြီး ဖြစ်တယ်၊ ဒါကို ဆန္ဒပြသူတွေအနေနဲ့ သဘောပေါက် နားလည်မှု လွဲမှားတာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပဋိပက္ခတွေနဲ့ မငြိမ်မသက် ဖြစ်နေတဲ့ ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီး အငြင်းပွားမူတွေ စတင် ဖြစ်ပေါ်နေတဲ့ အတွက် ရှေ့မှာ ပိုပြီး မတည်ငြိမ်မူတွေ ဖြစ်လာမှာကိုတော့ ဒေသအတွင်းမှာ စိုးရိမ်မူတွေလည်း ရှိနေကြပါတယ်။