တံတားဖြူ ဖြိုခွင်းမှု အောက်မေ့ အခမ်းအနား

  • 16 မတ် 2014
88
Image caption ကျောင်းသား အုံကြွမှု တွေက ရှစ်လေးလုံး လှုပ်ရှားမှုကြီးကို မွေးဖွားပေး

၁၉၈၈ အရေးအခင်း အစ အင်းလျား ကန်ဘောင်က ကျောင်းသား ဆန္ဒပြပွဲ ဖြိုခွင်း ခံရမှု ၂၆ နှစ်ပြည့် အခမ်းအနားကို ကနေ့ ရန်ကုန်မှာ အစိုးရ ခွင့်ပြုချက်နဲ့ ကျင်းပ ခဲ့ပါတယ်။

စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးမှု ကို စစ်ဆေး အရေးယူဖို့ ချီတက် ဆန္ဒပြမှုကို ဖြိုခွင်း ရာမှာ ကျောင်းသား ကျောင်း သူ ၁၄ဝ ကျော်အဖမ်း ခံ ခဲ့ရ သလို သေဆုံးမှု တွေ ရှိတယ် လို့ သတင်းတွေ ထွက်ခဲ့ ပေမယ့် ဒီနေ့ထိ လွတ်လပ်တဲ့ စစ်ဆေး စုံစမ်းမှုတွေ မရှိသေးပါဘူး။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဦးဆောင် ကျင်းပတဲ့ ဒီပွဲမှာ ကိုယ်တိုင်တွေ့ ကြုံတွေ့ ခဲ့ရတဲ့ ကို ဌေးကြွယ်နဲ့ ကို မင်းဇေယျာ တို့က တက်ရောက် စကားပြော ခဲ့ကြပါတယ်။

အင်း လျား ကန်ဘောင်ဘေး က ပြည်လမ်း ဘက် ကို ဆင်းတဲ့ အဖြူ ရောင် အုတ်တံ တား တခု ကို အစွဲပြုပြီး တံ တား ဖြူလို့ အမည်ပေး ထားတာ ဖြစ်ပါတယ်။

ဒီဖြိုခွင်းမှု နောက်ပိုင်း ဆန္ဒပြ မှုတွေ ဆက်တိုက် ဖြစ် လာခဲ့ပြီး ဩဂုတ်လ ၈ ရက် နေ့ မှာ တနိုင်ငံ လုံး အုံကြွ ပါဝင်လာတဲ့ ရှစ်လေး လုံး လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ