လက်ပံတောင်း စွန့်ပစ် ဝန်းကျင် ထိခိုက်နေ

ဓာတ်ပုံ မူပိုင် bbc
Image caption လက်ပံတောင်းတောင် စီမံကိန်းက ထွက်တဲ့မြေစာ

လက်ပံတောင်းတောင် စီမံကိန်းက စွန့်ထုတ် လိုက်တဲ့ စွန့်ပစ် မြေစာနဲ့ ကျောက် တွေက ထွက်လာတဲ့ အက်ဆစ် ပျော်ရည် တွေဟာ ကြီးမားတဲ့ အ န္တရာယ် ဖြစ်နိုင်တယ်လို့ သြစတြေးလျ နိုင်ငံ Knight Pie’sold-KP ရဲ့ ပတ်၀န်းကျင်နဲ့ လူမှု ထိခိုက်ခြင်း ဆိုင်ရာ အစီရင်ခံစာ(ESIA)က ဖော်ပြ လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ ပါတဲ့ အချက်တွေဟာ မြန်မာ့ ပတ်၀န်းကျင်ဆိုင်ရာ ပညာရှင်တွေ တွက်ဆ ထားတဲ့ အတိုင်း ဘေးထွက် ဆိုးကျိုးတွေ ထပ်တူနီးပါး တူညီနေ ပါတယ်။

လက်ပံတောင်း စီမံကိန်းကို လေ့လာ ထားတဲ့ ပတ်၀န်းကျင် ပညာရှင် ဦး၀င်းမျိုးသူ ကတော့ လက်ပံတောင်း စီမံကိန်းက ထွက်လာတဲ့ မြေစာပုံကြီး က မိုးရွာရင် အနည် တွေ မြစ်ထဲ စီး၀င်ပြီး စီးဆင်းရာ တလျောက် အနည် ထဲက ဘေးထွက် ဆိုးကျိုး တွေက ဒုက္ခ ပေးနိုင်သလို မြေအောက်ကို မြေစာပုံက အက်ဆစ်တွေ စိမ့်ဝင် သွားရင် လည်း မြေအောက်ရေ ကို ပျက်စီး စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီလက်ပံတောင်း စီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေ မှာကတော့ သေချာကြောင်း ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ