မိတ္ထီလာ အဓိကရုဏ်း တနှစ်ပြည့်

  • 20 မတ် 2014
meiktila ဓာတ်ပုံ မူပိုင်
Image caption အဓိကရုဏ်းတွင်း လုံခြုံရေး ကိုင်တွယ်မှု ညံ့ဖျင်း

မိတ္ထီလာ အဓိကရုဏ်းပြီးလို့ တနှစ်ကြာသွားပြီ ဖြစ်ပေမယ့် ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေရတဲ့ မွတ်ဆလင် ဒုက္ခသည် တွေအတွက် လုံခြုံရေး တင်းကျပ်မှု တွေ ရှိနေတယ်လို့ ဒေသခံ တွေက ပြောကြား ပါတယ်။

ကိုယ့်အိမ်ကိုယ် မပြန်နိုင်သေးတဲ့ ဒုက္ခသည် မွတ်ဆလင် ၄ ထောင်လောက်နဲ့ ဗုဒ္ဓဘာသာဝင် ၁၂ဝဝ လောက် စခန်းတွေမှာ ကျန်နေဆဲ ဖြစ်ပြီး ဒုက္ခသည် တွေအတွက် မိုးကာနဲ့ နေရာထိုင်ခင်း မလုံလောက်မှုတွေ ရှိနေတယ် လို့လည်း သိရပါတယ်။

ဒေသခံ လူမျိုးစု ၂ စု ပြန်ပြီး ရင်ကြားစေ့နိုင်ဖို့ အချိန်ယူ ကြိုးစားရမှာ ဖြစ်ပြီး ခုထိ အတူ ယှဉ်တွဲ နေကြဖို့ ခက်ခဲသေးတယ်လို့ မိတ္ထီလာ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ