နိုင်ငံရေးပါတီ ဥပဒေကြမ်း ပြင်ဖို့ အမျိုးသား လွှတ်တော် အတည်ပြု

Burma Parliament, chairman of the Upper Houe ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်သူ့ လွှတ်တော်ကို ဆက်တင်မယ်

နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ နအဖ အစိုးရ လက်ထက်က ပြဌာန်း ခဲ့တဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းကို အမျိုးသား လွှတ်တော်က မတ်လ ၂၀ ရက်နေ့ ကြာသပတေးနေ့က အတည်ပြုလိုက် ပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

အရင် ဥပဒေဟောင်းရဲ့ ပုဒ်မ ပြဌာန်းချက် ၄ (က)မှာ ပါတဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့် ရသူနဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ အားလုံးကို ပါတီ ထူထောင်ခွင့် ပေးထားတယ် ဆိုတဲ့ အစား ဥပဒေ ပြင်ဆင်ချက် အသစ်မှာ နိုင်ငံသား ဖြစ်ခြင်းလို့ ပြင်ဆင်လိုက်ကြောင်း အန်အယ်လ်ဒီ ပါတီ က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါကြောင့် ယခင် ဥပဒေ အရ နိုင်ငံရေး ပါတီ ဖွဲ့စည်း ထူထောင်ခဲ့ကြသူတွေအနေနဲ့ အခု ပြင်ဆင်ချက် အသစ်နဲ့ ကိုက်ညီမှု မရှိရင် အချိန်အတိုင်းအတာ တစ်ခု အတွင်း ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းဖို့ ဖြစ်လာလိမ့်မယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ