အာဆီယံ ပြည်သူ့ဖိုရမ်မှာ တိုင်းရင်းသား အရေး စိတ်ဝင်စားမှုများ

  • 21 မတ် 2014
ASEAN People's Forum 2014
Image caption အာဆီယံ ပြည်သူ့ညီလာခံကို ရန်ကုန်မှာ ပထမဆုံး ကျင်းပ

ရန်ကုန်မြို့ မြန်မာ ကွန်ဗန်းရှင်း စင်တာမှာ ကျင်းပတဲ့ အာဆီယံ ပြည်သူ့ဖိုရမ် ပထမနေ့ ဖြစ်တဲ့ မတ်လ ၂၁ ရက် သောကြာနေ့မှာ မြန်မာနိုင်ငံရေးရာ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာ မြန်မာနိုင်ငံရဲ့ လက်ရှိကာလမှာ တိုင်းရင်းသားနဲ့ ဆိုင်တဲ့ အရေး၊ ဖက်ဒရယ် ကိစ္စတို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့ ဦးဆောင် ကော်မတီဝင် ဦးအောင်မျိုးမင်းက ပြော ပါတယ်။

ဆွေးနွေးပွဲ တက်ရောက် လာကြသူတွေက အမျိုးသမီးများ အရေး၊ ကလေးများ အရေးနဲ့ ပဋိပက္ခတွေ အကြောင်းဆွေးနွေးဖို့ စိတ်ဝင်စားတာ တွေ့ရတယ်လို့ သူကပြောပါတယ်။

စနေနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ တိုင်းရင်းသား အရေးနဲ့ ပဋိပက္ခ အကြောင်းတို့ကို ဆွေးနွေးမယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အခုဖိုရမ်ကို အစိုးရရဲ့ ထိန်းချုပ်မှု မရှိဘဲ ပထမဆုံး လုပ်နိုင်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဆွေးနွေးပွဲကို အာဆီယံ နိုင်ငံတွေရဲ့ အရပ်ဖက် ကိုယ်စားလှယ် ၂၈၀၀ ကျော် တက်ရောက်လို့ အရင်ကထက် စံချိန်ချိုး များပြားတယ် လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ