ပြည်သူ့အားအရေးကြီးပုံ ဒေါ်အောင်ဆန်းစုကြည်ပြော

_bbc_assk_304x ဓာတ်ပုံ မူပိုင် bbc
Image caption ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်ခရီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ၊မန္တလေးတိုင်း မိုးကုတ်မြို့ရဲ့ အားကစားကွင်းထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲနိုင်ဖို့ဆိုင်ရာ ကိစ္စတွေတွေနဲ့ ပတ်သက်ပြီး၊ လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိုးကုတ်မြို့ လူထု ဟောပြောပွဲ အခမ်းအနားကို မိုးကုတ်အရှေ့ပိုင်းက ဒေသခံ ၃ထောင်ကျော်တက်ရောက်ခဲ့ပါတယ်။ ဒီမိုကရေစီ စံချိန် စံညွန်းတွေ နဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာ နိုင်ဖို့အတွက်၊ ပြည်သူတွေ အနေနဲ့ အမှားအမှန် ခွဲခြားတတ်တဲ့ ပညာနဲ့ သတ္တိကို အချိုးညီညီ အသုံးချပြီး၊ ပြင်သင့်တဲ့ ဥပဒေတွေ ကို ပြင်တဲ့နေရာမှာ အားလုံး ပါ၀င်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် က ဟောပြောခဲ့ပါတယ်။

အခြခံဥပဒေ ပြင်ဆင်တဲ့နေရာမှာ ပြည်သူ့အား ကလည်း အရေးကြီးတာမို့၊ အကြောက်တရားကို ဘေးဖယ်ပြီး၊ ပြည်သူကို ဗဟိုပြုတဲ့ ပြည်သူ ကအုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံစစ်စစ် ဖြစ်ပေါ်လာရေးအတွက် အားလုံး ဝိုင်း၀န်းလုပ်ဆောင်ကြဖို့ တိုက်တွန်း နိုးဆော်သွားပါတယ်။

‘ ခေါင်းဆိုတာ ညိမ့်ဖို့ပဲ မဟုတ်ဘူး၊ စဉ်းစားဖို့ ဆိုတဲ့’ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိုးကုတ် မိန့်ခွန်းကို ကြားရတဲ့အခါ အလွန် အားတက်မိကြောင်း အဆိုပါ ဟောပြောပွဲ ကို ကိုယ်တိုင်သွားခဲ့ တဲ့ တအောင်းန်ပလောင်ပါတီ၀င် မကြည်ကြည်ခိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကုတ်မှာ ဒီညအိပ်ပြီး မနက်ဖြန် မနက် ၉နာရီမှာ မိုးကုတ်အနောက်ပိုင်းက ဒေသခံတွေ အတွက် ကျပ်ပြင် အားကစားကွင်းမှာ လူထုဟောပြောပွဲ ပြုလုပ်ဦး မှာ ဖြစ်ပါတယ်။