ဂျပန်က မြန်မာကို ချေးငွေနဲ့ ထောက်ပံ့ငွေတွေ ကူညီမယ်

  • 24 မတ် 2014
Japanese Foreign Minister Fumio Kishida ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန်က မြန်မာကို ချေးငွေနဲ့ ကူညီငွေတွေ ပေးမယ်

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက သူ့ခရီးစဉ် အတွင်း မြန်မာကို ပေးမယ့် အကူအညီတွေနဲ့ ပတ်သက်ပြီး ကြေညာခဲ့ ပါတယ်။

အဲဒီထဲမှာ အမေရိကန် ဒေါ်လာ ၇၇ သန်း ကျော်ကို ဂျပန်က မြန်မာကို ထောက်ပံ့ငွေ အဖြစ် ပေးမှာ ဖြစ်ပြီး ဒေါ်လာ သန်း ၂၄၀ ကိုတော့ ချေးငွေ အဖြစ် ကူညီ မယ်လို့ ဂျပန် နိုင်ငံ ဘက်က ပြောပါတယ်။

မတ်လ ၂၄ ရက် တနင်္လာနေ့က ဂျပန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တွေက ချက်ထရီယမ် ဟိုတယ်မှာ ရှင်းလင်း ပြောပြတဲ့ ပွဲမှာ ထောက်ပံ့ငွေ ၇၇ သန်းကျော်ကို ကို မြန်မာ နိုင်ငံရဲ့ ရထား ပို့ဆောင်ရေး ကဏ္ဍ၊ ဆေးရုံမှာ ခေတ်မီ ကိရိယာတွေ တပ်ဆင်ရေး၊ တိုင်းရင်းသား ဒေသတွေမှာ စားနပ် ရိက္ခာ ထောက်ပံ့ရေး၊ ပဋိပက္ခ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်လို နေရာမှာ အကူ အညီပေး ရေးတို့ ပါဝင်တယ်လို့ ပြောခဲ့ကြောင်း ရှင်းလင်းပွဲ တက်ရောက် ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် တောင်တရုတ် ပင်လယ် အရေးကိစ္စ အငြင်းပွားမှု ဖြစ်လာခဲ့ရင် အာဆီယံ နိုင်ငံ တွေ အနေနဲ့ နိုင်ငံတကာ ကျင့်ထုံးတွေ အတိုင်း လိုက်နာဖို့ ဂျပန် ဘက်က မြန်မာ အစိုးရကို ပြောခဲ့တယ်လို့ လည်း ပြောပါတယ်။

မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်တဲ့ ဂျပန် ဘက်က ရပ်တည်ချက် သဘောထားကို မြန်မာ ဘက်ကို ပြောခဲ့ပြီး မကြာခင် မြောက်ကိုရီးယား အရေး ဆွေးနွေးပွဲပြုလုပ်ဖို့ ရှိကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ဌာနက ဘီဘီစီကို ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား ပိုင်ဆိုင်မှု၊ ဒုံးလက်နက်တွေ လွှတ်တင်မှုတွေနဲ့ ပတ်သက်လို့ ဂျပန် နိုင်ငံ ဘက်က စိုးရိမ်မကင်း ဖြစ်ကြောင်း မြန်မာ ဘက်ကို ပြောခဲ့တယ် ဆိုပေမဲ့ အသေးစိတ်ကိုတော့ ရှင်းမပြခဲ့ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ