လက်ပံတောင်း လုပ်ခလစာ ညှိနှိုင်းမရသေး

monywa
Image caption ညှိနှိုင်းရခက်ဆဲ လက်ပံတောင်း အရေး

လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ ဝင်လုပ်ဖို့ ဝမ်ပေါင် ကုမ္ပဏီက စာတွေ့ လက်တွေ့ သင်တန်းပေး နေတဲ့ ဒေသခံ ၂၆ ရွာက ဘွဲ့ရ လုပ်သား တွေ ကုမ္ပဏီနဲ့ လစာ ညှိနှိုင်းမရ ဖြစ်နေပါတယ်။

မတ်လ၂၆ ရက် နေ့ သင်တန်း ပြီး ချိန်မှာ အလုပ် ဝင် မှာ မဟုတ်ဘဲ ဝမ်ပေါင် ကုမ္ပဏီ ဝန်ထမ်း တွေ နည်းတူ လစာ ရမှ အလုပ်ဝင်မယ်လို့ သူတို့က ပြောပါတယ် ။

အဲဒီ သင်တန်းသား ဝန်ထမ်း တွေက လက် ပံတောင်း ကြေးနီ စီမံကိန်း ဧရိယာမှာ နေကြတဲ့ တောင်သူတွေရဲ့ သားသမီး တွေပါ။

ဒီစီမံ ကိန်းမှာ ပထ မ ဆုံး အကြိမ် အများ ဆုံး ဝင်လုပ်ကြ မယ့် ဒေသခံ ဝန်ထမ်း တွေ ဖြစ်ပြီး ဘွဲ့ရ အမျိုးသမီး ၈ဝ နဲ့ အမျိုးသား ၁၅ဝ ကျော် ပါပါ တယ်။

မေ လ ၂၆ ရက် က စပြီး ဒီစီမံ ကိန်းမှာ လုပ် ဖို့ သင်တန်းတွေ ပေးခဲ့ ပါတယ် ။

သင်တန်း အပြီး စာချုပ် ချုပ်ဖို့ ပြင်ချိန် မှာတော့ အလုပ် အန္တရာယ် များလို့ သူတို့အရင် အလုပ် ဝင်သူတွေ ရတဲ့ နှုန်းထား အတိုင်းပေးဖို့ ညိနှိုင်း ခဲ့ပေမယ့် အဆင် မပြေ ခဲ့ပါဘူး ။

ဒေသခံ တွေ အလုပ် အကိုင် အခွင့်လမ်း တွေ ရမယ် လို့ ကော်မရှင် အစီ ရင်ခံ စာမှာ ပါပေမယ့် အလုပ် ဝင်ချိန်မှာ လက် တွေ့ သူတို့ရမယ့် လစာက သန့်ရှင်းရေး ဝန်ထမ်း တွေထက် ကျပ် တသောင်း လောက် ပဲပို တယ် လို့ သင်တန်းသား တွေ ဘက်က ပြော ပါတယ်။

ဝမ်ပေါင် တာဝန် ရှိသူတွေကို ဆက်သွယ် ပေမယ့် ဆက်သွယ် လို့ မရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ