လူတွေ ရာနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဆန္ဒပြ

Rohingyas in Sittwe fled their homes in 2012 ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၂ ခုနှစ်က စစ်တွေမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေကြောင့် ရိုဟင်ဂျာတွေ အိုးစိမ်စွန့် ပြေးခဲ့

သံဃာတော် တွေ အများအပြား ဦးဆောင်တဲ့ လူရာပေါင်း အတော်များများ က ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် DhakaTribune သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ပြင်းပြင်း ထန်ထန် ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဆန္ဒ ဖော်ထုတ်ပွဲမှာ ပါတဲ့ သံဃာတော် တစ်ပါးက ဆောင်းပါးမှာ ပါတဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့တို့ကို ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထည့်သွင်းရေး အတွက် လူထု ဆန္ဒ ခံယူရေး ဆိုတာကို ကန့်ကွက်တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်း မှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမ ထည့်သွင်း ကောက်ခံရေးကို လက်မခံနိုင်ကြောင်းနဲ့ ဒီအမည်နာမ ထည့်သွင်းဖို့ ကြိုးစားမှုတွေ ကိုလည်း အတိအလင်း ကန့်ကွက်တယ်လို့ အဲဒီ သံဃာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က DhakaTribune သတင်းစာပါ ဆောင်းပါး ဖော်ပြချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရကို သံတမန်ရေးအရ တရားဝင် သတိပေးခဲ့ပါတယ်။

အဲဒီသတိပေးချက်နဲ့ ပတ်သက်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြပြီး နောက်တစ်နေ့ ဖြစ်တဲ့ မတ်လ ၂၆ ရက်နေ့မှာ ဒီဆန္ဒပြပွဲကို လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဖြစ်လို့ သံရုံး ပိတ်ထားတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် သံရုံးဘက်က တုံ့ပြန်ချက် တစုံတရာ မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ် မှာတော့ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ထည့်သွင်းခွင့် ပြုမယ်ဆိုရင် သန်းခေါင် စာရင်းကောက်မှုကို သပိတ်မှောက် သွားမယ်လို့ ရခိုင်တွေဘက်က ထုတ်ပြန်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ