ကျားဖြူပါတီ ပြည်နယ်အမတ် ၃ ဦး နှုတ်ထွက်

  • 28 မတ် 2014
Image caption ရှမ်းပါတီနှစ်ခု ပူးပေါင်းဖို့ ဖိအားပေးနေ

ကျားဖြူ ပါတီရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် သုံးယောက်ဟာ ပါတီကနေ နှုတ်ထွက်သွားပါတယ်။

မိုင်းတုံမြို့နယ် ပြည်နယ် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြဦး၊ မိုင်းရယ် မြို့နယ်က ကိုယ်စားလှယ် ဦးစိုင်းစံဖေနဲ့ ကျောက်မဲ မြို့နယ်က ကိုယ်စားလှယ် စိုင်းသန်းမောင်တို့ ဖြစ်ကြပါတယ်။

ဒါဟာ ရှမ်းပါတီ နှစ်ခု ဖြစ်တဲ့ SNDP ကျားဖြူ ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီတို့ ပူးပေါင်းဖို့ ကျားဖြူပါတီ ဥက္ကဋ္ဌကို ဖိအား ပေးတာလို့ ဦးစိုင်းဝင်းမြဦးက ဘီဘီစီကို ပြောပါတယ်။

ပါတီတွင်းမှာ အောက်ခြေ က စပြီး ပါတီဝင် အတော်များများက ပါတီနှစ်ခု ပူးပေါင်းလိုတယ်လို့သူကပြောပါတယ်။

မိုင်းတုံမြို့နယ်က ပါတီဝင် တစ်ထောင် နီးပါး လောက်လည်း နှုတ်ထွက်ကြ တယ်လို့ ဦးစိုင်းဝင်းမြဦးက ပြောပါတယ်။

နှုတ်ထွက် သွားခဲ့တဲ့ ပြည်နယ် လွှတ်တော် နောက် တစ်ယောက် ကလည်း သူတို့မြို့နယ်က ပါတီဝင်တွေ SNDP ပါတီကို သွားပေါင်း မယ်လို့ပြောပါတယ်။

ဒီလို နှုတ်ထွက်မှု တွေနဲ့ ပတ်သက်လို့ ကျားဖြူ ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက တော့ နှုတ်ထွက်မှုတွေ အများအပြား မရှိပါဘူးလို့ ပြောပါတယ်။

နှုတ်ထွက်ခဲ့ကြတဲ့ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် အလိုက်ကိုယ်စားပြူ ယှဉ်ပြိုင်ဖို့ မဲဆန္ဒရှင် တွေရဲ့ နာမည်စာရင်းမှာ သူတို့နာမည်တွေ မပါတာကို မကျေနပ်လို့ နှုတ်ထွက်ကြတာလို့ ပြောပါတယ်။

နှစ်ပါတီ ပေါင်းစည်းရေး အတွက် ငါးဦးကော်မီတီ ဖွဲ့စည်းထားပြီး ညှိနှိုင်းမှုတွေ လုပ်နေတယ်၊ နှစ်ဘက် နောက်ထပ် ညှိနှိုင်း ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ