သမ္မတ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီများနဲ့တွေ့

_bbc_uts1_304x171 ဓာတ်ပုံ မူပိုင် myitmakha
Image caption ဦးသိန်းစိန် က နိုင်ငံရေးပါတီများနဲ့တွေ့

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးမှာ သမ္မတ ဦးသိန်းစိန် နဲ့ နိုင်ငံရေး ပါတီ ၆၂ ပါတီ မှ ကိုယ်စားလှယ် ခေါင်းဆောင် ၁၇၉ ဦး တွေ့ဆုံ ကြ ပါတယ်။ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အပစ်အခတ် ရပ်ဆဲရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ် တွေ အပြန်အလှန် ဆွေးနွေးကြပါတယ်။

ဒီအခါမှာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ နိုင်ငံရေး ပါတီတွေ နဲ့ သဘောထားချင်းတူ တဲ့ အချက်တွေ ကို ပေါင်းလုပ်မယ် လို့ သမ္မတ က ပြောပါတယ်။ တိုင်းရင်းသား ပါတီ တွေ ဘက်ကလည်း ၂၀၁၅ ခု ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့၊ တန်းတူ ညီမျှမှု ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ဖယ်ဒရယ် စနစ် ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ပေါက် လာရေး တို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ လတ်တလော ရခိုင်ပြည်နယ် ပြဿနာ၊ သန်းခေါင်စါရင်း ကောက်ယူမှု မှာ ပြဿနာ တက်နိုင်မဲ့ ဒေသ၊ တိုင်းရင်းသားတွေ နဲ့ အပစ်အခတ် ရပ်ဆဲရေး ကို အပြီးသတ် သဘောတူဖို့ စတဲ့ ကိစ္စ ရပ်တွေ ကို အပြန်အလှန် ဆွေးနွေးခြင်း မရှိပါဘူး။

သမ္မတ ဦးသိန်းစိန် ဟာ အရင် က အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့တွေ့ဆုံဆွေးနွေးမှု ပြုခဲ့ပေမဲ့၊ နိုင်ငံရေး ပါတီ တွေ နဲ့ တော့ ပထမဆုံး အကြိမ် တွေ့ကြုံတာပါ။