ပြည်တွင်း ထုတ်ကုန် ပမာဏ ၇.၈ ရာခိုင်နှုန်း တိုးတက်

  • 2 ဧပြီ 2014
Image caption အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာ

မြန်မာနိုင်ငံရဲ့ စီးပွါးရေး တိုးတက်မှုကို တိုင်းတာရာမှာ အဓိကကျတဲ့ ပြည်တွင်း ထုတ်ကုန် ပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ၇.၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီးတော့ လာမဲ့နှစ်တွေမှာလည်း တိုးတက်ဖို့ ရှိတယ်လို့ အာရှဖွံ့ ဖြိုးရေးဘဏ် က ထုတ်ပြန်တဲ့ အစီရင်ခံက ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ စီးပွါးရေး ဖွံ့ ဖြိုးမှုကို တိုင်းတာရာမှ အရေးပါတဲ့ ပြည်တွင်း ထုတ်ကုန် ပမာကဏဟာ မနှစ်က တိုးလာခဲ့သလို ရှေ့နှစ်မှာလည်း တိုးလာဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက ဂျီဒီပီ အဓိက တိုးလာရတဲ့ အကြောင်းရင်းတွေနဲ ပတ်သတ်လို့ ရန်ကုန်မြို့ အာရှဖွံ့ ဖြိုးမှုဘဏ်ရဲ့ အရှေ့တောင် အာရှ ဌာနက အကြီးတန်း စီးပွါးရေး ပညာရှင် ပီတာ ဂျေဘရမ်ဘဲ ကို မေးကြည့်တော့ စီးပွါးရေးလုပ်ငန်း တွေမှာ ကုမ္ပဏီသစ်တွေ အများကြီး မှတ်ပုံတင် လာတာဘဲလို့ ဆိုပါတယ်။

ဒါဟာ စီပွါးရေး လုပ်ငန်းတွေ လုပ်ရာမှာ ယုံကြည်မှု မြင့်လာတာကို ပြသနေတယ်လို့ သူက ပြောပါတယ်။

ပြီးတော့ သဘာ၀ ဓာတ်ငွေ့အပါအဝင် မြန်မာနိုင်ငံ ကနေ ပြည်ပကို တင်ပို့တဲ့ ကုန်ပစ္စည်း ပို့ကုန် ပမာဏတွေလည်း တက်လာတယ်လို့ သူက ဆိုပါတယ်။

ခရီးသွားလုပ်ငန်း ကလည်း ဖွံ့ ဖြိုးလာနေတာရယ် အစိုးရက လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ကလည်း ဂျီဒီပီ ဖွံဖြိုးမှုကို အထောက်အပံ့ ဖြစ်စေတယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် အကြံပေး မစ္စတာ ဂျေဘရမ် က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တိကျပြီး မှန်ကန်တဲ့ သတင်းအချက်အလက် ရဖို့က အခက်အခဲ ရှိတော့ အခုရတာတွေ ဘယ်ကအချက် အလက် တွေကို အခြေခံသလဲလို့ မေးကြည့်တော့ လက်ထဲမှာ ရထားတဲ့ ပြည်တွင်းက သတင်း အချက်အလက်ဘဲ ဖြစ်ဖြစ် ပြည်ပကဘဲ ဖြစ်ဖြစ် မတူညီတဲ့ သတင်း အချက်အလက် ရင်းမြစ် တွေ ကနေလည်း တိုက်ဆိုင်ပြီး စစ်ဆေးတယ်လို့ ဆိုပါတယ်။

နောက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာဘဏ်တို့နဲ့လည်း ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွါးရေးအခြေနေကို နားလည်အောင် လုပ်ကိုင်တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာအစိုးရရဲ့ ဗဟို စာရင်းအင်းအဖွဲ့မှာ နည်းပညာ အကူညီတွေ ပေးနေတာတွေရှိပြီးတော့ အဲဒီကလည်း ရတာတွေ ရှိပါတယ်လို့ သူက ဆိုပါတယ်။

အခု အေဒီဘီရဲ့ အစီရင်ခံစာကို ကြည့်ရင် စွမ်းအင်ဆိုင်ရာ ပြဿနာ အထူး အလေးထား ပြောထားတာ တွေ့ရမှာ ဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံ စီးပွါးရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ လူတိုင်းအတွက် လျှပ်စစ် ရရှိဖို့ အလွယ်တကူ ရဖို့လိုကြောင်း ပြနေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ နောင်အနာဂတ်မှာ လူ ဦးရေ တိုးပွားလာရင် ဒါဟာလည်း အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

အခု မြန်မာနိုင်ငံက မဟာ ဓာတ်အားပေး စီမံကိန်းတွေဟာ တိုင်းပြည်ရဲ့ လူဦးရေ ၃၀ရာခိုင်နှုန်း လောက်ဘဲ ပေးနိုင်တာမို့ မြန်မာနိုင်ငံက လူအများစုဟာ မီးမရ ကြသေးဘဲ ဖြစ်နေလို့ အေဒီဘီ အနေနဲ့ ဒါကို ကိုင်တွယ် ဆောင်ရွက် နေပါတယ်လို့ သူက ပြောပါတယ်။

အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ အစီရင်ခံစာမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ မနှစ်ကထက်စာရင် ၇ ရာခိုင်နှုန်းလောက်ထိ တက်လာ ဖို့ရှိတယ် လို့လဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပအကြွေးဟာ အမေရိကန်ဒေါ် လာ ၁၁.၇ ဘီလီ ယံလောက်အထိရှိလာနိုင်ပြီးဒါဟာ ပြည်တွင်း ထုတ်ကုန် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ရောက်ရှိလာနိုင်တယ်လို့ အေဒီဘီ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ