သမီးကလေး ရွာသားတွေ မြဝတီ ရောက်ရှိ

  • 4 ဧပြီ 2014
DKBA Soldiers ဓာတ်ပုံ မူပိုင် AFP
Image caption ဒီကေဘီအေ စစ်သားများ

အဓမ္မ နေရာ ရွှေ့ပြောင်းခံခဲ့ကြရတဲ့ လှည်းကူး မြို့နယ် သမီးကလေး ကျေးရွာနဲ့ ပတ်ဝန်းကျင် ရွာတွေက ရွာသား ၁၀၀ ကျော်ဟာ မြဝတီ မြို့ကို ရောက်လာကြပြီ ဖြစ်ပါတယ်။

DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား အစည်း အရုံးရဲ့ အစီအစဉ်နဲ့ စနေနေ့ မှာ ကျောက်ခေတ် ကျေးရွာကို ခရီးဆက်ကြမှာ ဖြစ်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား အစည်း အရုံးက ခေါ်ဆောင် လာခဲ့ရာမှာ မွန်ပြည်နယ်နဲ့ ကရင် ပြည်နယ် နယ်စပ် အရောက် ပြည်နယ် အစိုးရက တားခဲ့တာပါ။

DKBA နယ်မြေထဲမှာ နေထိုင်ကြဖို့ ပြောင်းရွှေ လာကြတဲ့ ရွာသားတွေကို ကရင်ပြည်နယ် အစိုးရက လက်မခံတဲ့ အတွက် သူတို့ လာရာ နေရပ်ကို ပြန်ဖို့ ပြောထားပြီး ဖြစ်ပါတယ်။

ဘုရားဖူး သွားပြီးရင် နေရပ်ကို ပြန်ပို့ပေးမယ်လို့ DKBA ဗိုလ်မှူးကြီး စောဆန်းအောင်က ပြည်နယ် အစိုးရကို ပြောခဲ့ကြောင်း အစိုးရ ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

လောလောဆယ်တော့ ရွာသားတွေဟာ မြဝတီမြို့က ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာပဲ ညအိပ်တည်းခို နေကြပါတယ်။

မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန် ကတော့ သမီးကလေး ရွာသားတွေ နေရာသစ်မှာ အခြေချ နေထိုင်ရေး အခက်အခဲတွေ ရှိနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ