ဒေါ်အောင်ဆန်းစုကြည် ဂျာမနီ ရောက်ရှိ

  • 10 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ဧည့်သည်တော် မှတ်တမ်းမှာ လက်မှတ်ထိုးစဉ်။

ဂျာမန် သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ကြာသပတေးနေ့က ဘာလင် မြို့တော်ကို ရောက်ရှိလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ဂျာမနီရောက် မြန်မာ မိသားစု တွေက လေဆိပ်မှာရော သူတည်းခိုမယ့် ဟိုတယ်မှာပါ ဆီးကြို နှုတ်ဆက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရောက်ရောက်ချင်း နာရီပိုင်းအတွင်းမှာပဲ ဂျာမန် သမ္မတယိုဟာကင်မဒေါ့ နဲ့ ဇနီး တို့ကိုတွေ့ဆုံခဲ့သလို ၊ ဝန်ကြီးချုပ် အင်ဂလာမာကဲလ် နဲ့လည်းသီးခြားတွေ့ဆုံခဲ့ပါတယ်။

ဂျာမဏီ ၀န်ကြီးချုပ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ဟာ မီဒီယာနဲ့ခေတ္တ တွေ့ဆုံခိုက်မှာတော့ ဂျာမဏီ ခေါင်းဆောင်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုတာတွေ ကို ၀မ်းသာစိတ်ချမ်းမြေ့တဲ့အကြောင်း ပြောရင်း သူပထမဆုံးအကြိမ် ရောက်လာခဲ့တဲ့ ဘာလင်နဲ့ပတ်သက်လို့လည်း ဘာလင်ဟာ ဖွံ့ဖြိုးမှုတွေ ကိုဖော်ပြနေတဲ့ သင်္ကေတ အပြင် မတူညီတဲ့ အတွေးအခေါ်ရှိတဲ့သူတွေ ပြန်လည်ပေါင်းစည်းနိုင်တဲ့ ၊ ညီညွတ်တဲ့ သင်္ကတ ဖြစ်ကြောင်း ပြောရင်း မြန်မာပြည်ကို ဒီမိုကရက်တစ်ပြည်ထောင်စု တခုဖြစ်စေချင်တယ်၊ မြန်မာပြည်သူတွေ အနေနဲ့ လုံခြုံမှုရှိရှိ ၊ လွတ်လပ်မှုရှိရှိ နဲ့ မျှော်လင့်ချက်တွေထားနိုင်တဲ့ ဘဝတွေ ရှိတာမျိုး ကို ဖြစ်စေချင်ပါတယ် လို့ ပြောပါတယ်။

နိုင်ငံခေါင်းဆောင်တယောက်လို ဂျာမဏီ ကအလေးထား ကြိုဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ မနက်ပိုင်းမှာတော့ ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ် ပါတီက အပ်နှင်းတဲ့ Willy Brandt ဆုတံဆိပ် ကို လက်ခံရယူဖို့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ