ပြည်တွင်းစာစောင်အချို့ အနက်ရောင် အဖုံးနဲ့ ထုတ်ဝေ

  • 11 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption စာစောင်အချို့ အနက်ရောင် မျက်နှာဖုံးနဲ့ ထုတ်ဝေ

မြန်မာနိုင်ငံမှာ အကြာသေးခင်က DVB သတင်းထောက် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ အနက်ရောင် လှုပ်ရှားမှု Black Campaign ကို ပြုလုပ်နေရာမှာ မြန်မာ ပြည်တွင်းက ပုဂ္ဂလိက စာစောင် အချို့ဟာ အနက်ရောင် မျက်နှာဖုံးတွေနဲ့ ထုတ်ဝေနေကြပါတယ်။

DVB သတင်းထောက် ကိုဇော်ဖေ ခေါ် ကိုသူရသက်တင် သတင်းလိုက်ရာမှာ ဝတ္တရား နှောက်ယှက်မှု၊ ပိုင်နက်ကျူးလွန်မှု စတာတွေ နဲ့ ပုဒ်မ တပ်ပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်အပြီး အခုလို လှုပ်ရှားမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

သူနဲ့အတူ သတင်းယူတဲ့ သတင်းပေး တစ်ဦးကိုလည်း အလားတူ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မီဒီယာ စောင့်ကြည့်ရေး အဖွဲ့နဲ့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ တို့ကလည်း အခုလို ပြစ်ဒဏ်ချမှုကို ကန့်ကွက်ခဲ့ကြပြီး သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ