သန်းခေါင်စာရင်း ဆက်ကောက်မယ်

  • 12 ဧပြီ 2014
census_myanmar ဓာတ်ပုံ မူပိုင် c
Image caption သန်းခေါင်စာရင်း ကောက်ယူနေပုံ မြင်ကွင်းတခု

သန်းခေါင်စာရင်း ကောက်ယူတဲ့ သတ်မှတ်ရက်ပြည့် သွားပေမယ့်လည်း ကောက်ယူတာ မပြည့်စုံသေးတဲ့ ရခိုင်နဲ့ကချင်ပြည်နယ် က နေရာတချို့မှာ နောက်ထပ်၂လလောက်အထိ ဆက်လက်ကောက်ယူသွားမယ် လို့ လူဝင်မှု ကြည့်ကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန က ပြောပါတယ်။

လူဝင်မှု ကြည့်ကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လှိုင်က ကချင်ပြည်နယ် က ကေအိုင်အေ ထိန်းချုပ်ရာ ဒေသက ရွာတွေ ကိုလည်း ကောက်ယူနိုင်ဖို့ လုပ်သွားမှာ ဖြစ်သလို ရခိုင် က ကောက်ဖို့ အခက်အခဲ ဖြစ်နေတဲ့နေရာတွေ ကို လည်း ပြန်လည်ကြိုးစား ကောက်သွားမယ် လို့ ပြောပါတယ်။

နည်းနာအရ နောက်ကျမှုတွေရှိရင်အခုလို ရက်တိုးကောက်တာ ကို နိုင်ငံတကာစံညွှန်းတွေ ကလည်း ခွင့်ပြုထားတယ် လို့လည်း သူက ဆိုပါတယ်။

မြန်မာပြည်က သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းဟာ လူမျိုးနာမည် ထည့်သွင်းရေး နဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိခဲ့ကာ ပြည့်စုံတဲ့ သန်းခေါင်စာရင်း ကောက်ယူတာမျိုးမဖြစ်ခဲ့ဘူး လို့ ဝေဘန်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ