မြန်မာ လေယာဉ်နှစ်စီး မြေပြင်မှာ တိုက်မိ

MAI Airoplane ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာ့လောကြောင်းပိုင် လေယာဉ် တစ်စီး

တနင်္လာနေ့ မနက်က မင်္ဂလာဒုံ လေဆိပ်မှာ ရပ်နားထားတဲ့ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI ပိုင် လေယာဉ် တစ်စီးကို ရွှေမြန်မာ လေကြောင်း လေယာဉ်က လေယာဉ် အရွှေ့အပြောင်း လုပ်စဉ်မှာ ဝင်တိုက်မိခဲ့ ပါတယ်။

တိုက်မိခဲ့မှုကြောင့် MAI လေယာဉ် ရဲ့ အနောက် တံခါးနဲ့ လေယာဉ် အမြီးပိုင်း ပျက်စီးသွား ခဲ့ပြီး ရွှေမြန်မာ လေယာဉ်လည်း ခေါင်းပိုင်း ပျက်စီးခဲ့တယ်လို့ MAI လေကြောင်းက စျေးကွက်နဲ့ လူထု ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမြသာက ပြောပါတယ်။

MAI လေယာဉ်က ခရီးစဉ် မရှိလို့ ရပ်ထားချိန်ဖြစ်ပြီး ခရီးစဉ် ထွက်ဖို့ ရှိတဲ့ ရွှေမြန်မာ လေကြောင်းက လေယာဉ်ပေါ်မှာလည်း ခရီးသည် တင်ဆောင်ထားတာ မရှိတဲ့ အတွက် ထိခိုက်ဒဏ်ရာ ရသူတော့ မရှိဘူးလို့ သူက ဆက်ပြော ပါတယ်။

ပျက်စီးဆု့းရှုံးမှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပ အာမခံ ကုမ္ပဏီတွေ အပြင် Airbus ကုမ္ပဏီနဲ့ ကျွမ်းကျင်သူတွေကိုပါ MAI က လောလောဆယ် ဆက်သွယ်ထားပြီး နောက်ပိုင်မှာ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ လည်း ဒေါ်အေးမြသာက ပြောပါတယ်။

ရွှေမြန်မာ လေကြောင်း ကုမ္ပဏီ ဘက်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ