စွမ်းသူတို့ရဲ့ သင်္ကြန်

  • 14 ဧပြီ 2014
disabled_thingyan_mili ဓာတ်ပုံ မူပိုင် MILI facebook
Image caption အားလုံးပျော်စရာ သင်္ကြန် (Photo_MILI Facebook)

ရန်ကုန်သင်္ကြန်မှာ မသန်စွမ်းသူတို့လည်း နွှဲနိုင်ဖို့ သွားစရာ မဏ္ဍပ်တခု ရှိပါတယ်။

အဲဒီမဏ္ဍပ်ကတော့ အလုံမြို့နယ်ထဲက အောက်ကြည့်မြင်တိုင်လမ်း ပေါ်မှာပါ။

လူတိုင်းပျော်ကြတဲ့ဒီလို အတာ ပွဲမှာ သူတို့ကို ချန်ထားရစ်လေ့ရှိကြတာမို့ သူတို့အတွက် ပျော်စရာ သင်္ကြန်ပွဲ မလွဲရအောင် စီစဉ်ပေးတဲ့ အဖွဲ့ကတော့ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ပါ။

Wheel Chair နဲ့သူလည်းလာကြတယ်၊ လက်ထောက်ချိုင်းထောက်နဲ့သူတွေ လည်းလာကြတယ်၊ သူတို့ ရေကစားကြ၊ကခုန်ကြနဲ့တဲ့။

အမြင်အာရုံချို့တဲ့သူတွေ က တီးဝိုင်း ကို တာ၀န်ယူသလို ဆိုချင်သူတွေ ကလည်း ဆိုကြနဲ့ ပျော်စရာ အလွန်ကောင်းပါတယ် လို့ အဲဒီအဖွဲ့ ရဲ့ မန်နေဂျာ တယောက်ဖြစ်တဲ့ မယုယသူ က ဘီဘီစီ ကို ပြောပါတယ်။

သင်္ကြန်လည်တဲ့ သူတွေ က သူတို့ကို အထူးအဆန်းတွေ လိုမကြည့်ကြပဲ အတူတူ ရေကစား ကြတာကို တွေ့ရတော့ ပိုပျော်စရာ ပါလို့ သူ ကပြောပါတယ်။

ပျော်ပွဲတွေမှာ အခမ်းအနားတွေ မှာ သူတို့လည်း ပါဝင်ခွင့်ရှိတယ်ဆိုတာ၊ သူတို့လည်း ပျော်ပွဲရွှင်ပွဲကိုခံစားတတ်တဲ့သူတွေ ဆိုတာ ပြည်သူအများ ကို သိစေချင်တယ်၊ သူတို့ ကို လည်း စိတ်ဓာတ် မြှင့်တင်ပေးတဲ့ ဆန္ဒလည်း ပါပါတယ် လို့ မယုယသူ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ