စစ်တပ်က အမျိုးသမီးတွေကို အဓမ္မကျင့်တာတွေ ရှိနေဆဲ

kachin_woman
Image caption ကချင်ပြည်နယ် တနေရာ

မြန်မာနိုင်ငံတွင်းက စစ်ပွဲတွေ ရှိနေသေးတဲ့ ရှမ်းပြည်နယ် ကချင် ပြည်နယ် စတဲ့ တိုင်းရင်းသားဒေသတွေမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်လာနေတယ် ဆိုတဲ့ အခု အစိုးရ လက်ထက်အချိန်ထိ စစ်တပ်က အမျိုးသမီးတွေ ကို အဓမ္မ ပြုကျင့်တာ တွေ ရှိနေဆဲ လို့ ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့တွေ ဖြစ်တဲ့ ကချင် အမျိုးသမီး အဖွဲ့ KWAT အဖွဲ့၊ ကရင် လူ့အခွင့်အရေး အဖွဲ့၊ ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ WLB အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ စတဲ့ အဖွဲ့တွေက ဆိုကြပါတယ်။

ဒီလို အရေးကိစ္စတွေကိုအရင်က ကျယ်ကျယ်လောင်လောင် တင်ပြကြတာတွေ၊ အရေးယူဖို့ တောင်းဆိုတာတွေ ဖြစ်ခဲ့ပေမယ့်၊ အခု ကာလမှာ ဝေဖန်သံတွေ တိတ်နေတယ်လို့ ထောက်ပြသူတွေက ပြောနေပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်း ကို သွားနေကြတဲ့ အချိန်မှာ၊ တပ်မတော်ကို တိုက်ရိုက် ဝေဖန်မှုတွေ ပြုလုပ်ဖို့၊ ပြည်တွင်းက တချို့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ စိုးရိမ်စိတ်တွေ ရှိနေပုံ ရတယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က သုံးသပ်ပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အတွင်း၊ ဒေသခံ ကျေးရွာတွေမှာ အစိုးရ စစ်တပ် ပြုမူခဲ့ပုံတွေနဲ့ ပတ်သက်ပြီး WLB အဖွဲ့က၊ ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ၊ အစီအရင် ခံစာ တစ်စောင် ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှု တွေလို စိုးရိမ် ထိတ်လန့်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်နေသူတွေ ရှိနေကြတဲ့ အတွက်၊ ဒီထုတ်ပြန်မှုတွေကို ပဲ့တင်ထပ်ပေးတဲ့ နောက်ဆက်တွဲ ဝေဖန် သံတွေ မထွက်လာရုံနဲ့တော့၊ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ လျော့ကျသွားပြီ လို့ မှတ်ယူလို့ မရနိုင်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ