သင်္ကြန်မှုခင်း ပြီးခဲ့တဲ့နှစ် နဲ့နှိုင်းယှဉ်

  • 18 ဧပြီ 2014
_auto_accident ဓာတ်ပုံ မူပိုင် b
Image caption မတော်တဆ ကားတိုက်မှုများ

ပြီးခဲ့တဲ့ သင်္ကြန်မှာ ခါတိုင်းနှစ်တွေ နဲ့ နှိုင်းစာရင် ထိခိုက်ဒဏ်ရာ ရမှု များပြီး၊ သေဆုံးမှု တော့ လျော့ကျ လာတဲ့ အကြောင်း ရဲမှတ်တမ်းတွေ အရ သိရပါတယ်။ ထိခိုက် ဒဏ်ရာ ရမှု တွေ ရဲ့ အခြေအနေ နဲ့ အရေးယူ ဆောက်ရွက်ခဲ့ရပုံ တွေ ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ ပြောခွင့်ရ အရာရှိ ရဲမှူးချုပ် ဝင်းခေါင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အထူးသဖြင့် သင်္ကြန် မတိုင်မီကတည်းက မှုခင်းဖြစ်ပွားမှု နည်းပါးအောင်၊ ယစ်မျိုး ဖမ်းဆီးမှု တွေ လုပ်တဲ့ အကြောင်း၊ ရေပက် မဏ္ဍပ်တွေ မှာ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သောက်စားမှု တွေ အခြေခံတဲ့ အမှုတွေ က များတဲ့ အတွက် ကြိုတင်ကာကွယ် တဲ့ အနေနဲ့ စစ်ဆေးအရေးယူကြောင်း၊ ရေပက်ခံ ကားတွေ မဏ္ဍပ်လာရင် လုံခြုံရေး အဖွဲ့ဝင်တွေ အနေနဲ့ တုတ်၊ ဒါး၊ ချိန်းကြိုး၊ သံပိုက်လုံး အစရှိတဲ့ လက်နက်သဖွယ် ယူဆောင် လာတာတွေ ကို ဖမ်းဆီးရာမှာလည်း အများအပြား ဖမ်းမိကြောင်းလည်း ရဲမှူးချုပ် ဝင်းခေါင် က ပြောပါတယ်။

ဒီနှစ် အမှုအခင်း အရေအတွက် အရဆိုရင် သင်္ကြန် အကြိုနေ့ က စလို့ အတက်နေ့ အထိ သင်္ကြန် နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အမှုပေါင်း ၁၉၄ မှု၊ သေဆုံးသူ ၁၅ ယောက်၊ ဒဏ်ရာ ရသူ ၁၉၈ ယောက် ရှိတဲ့ အကြောင်း၊ မနှစ်က ဆိုရင် အမှုပေါင်း ၁၇၇ မှု အနက်၊ ၃၂ ယောက် သေဆုံးပြီး၊ ၁၉၀ ဒဏ်ရာ ရပုံ၊ ဒီအချက်တွေ အခြေခံ ပြောရရင် သေဆုံးသူ အရေ အတွက် ၂၀၁၄ ခု နှစ်မှာ လျော့သွားတဲ့ အကြောင်း လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ ပြောခွင့်ရ အရာရှိ ရဲမှူးချုပ် ဝင်းခေါင် က ရှင်းပြပါတယ်။