ရခိုင်အရေး ကုလဆိုင်ရာ US သံအမတ် က ပြော

_un_flag_ ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂ အလံတော်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် က၊ ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှု ဖြစ်ရပ် တွေ ရပ်တန့်အောင်၊ အရေးတကြီး သဘောထား ပြီး ဆောင်ရွက် ဖို့ တိုက်တွန်း လိုက်ပါတယ်။

မငြိမ်မသက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေမယ်ဆိုရင်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ထိခိုက်နိုင်တယ် ဆိုပြီးတော့လည်း၊ သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Vijay Nambiar က၊ ပြီးခဲ့တဲ့နှစ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့၊ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းတဲ့ အခြေအနေတွေကို၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီထံ ကြာသာပတေးနေ့က တံခါးပိတ် တင်ပြမှု ပြုလုပ်ခဲ့အပြီးမှာ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Samantha Power က၊ မြန်မာအစိုးရ အပေါ် တိုက်တွန်းချက်တွေ ကို စာရေးသား ထုတ်ပြန်ခဲ့ တာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့၊ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို ဆက်လက် အားပေး ကူညီသွားမှာ ဖြစ်ပေမယ့်၊ ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်ရပ်တွေမှာ မြန်မာ အစိုးရရဲ့ ထိရောက်တဲ့ ကြားဝင်ဆောင်ရွက်မှု မရှိတဲ့အတွက်၊ အခြေအနေ တွေ ပိုမို ဆိုရွားလာနိုင်ပြီး၊ အသက်တွေ ပိုမို ဆုံးရှုံးနိုင်ကာ၊ ပြည်နယ်အတွင်း လိုအပ်နေတဲ့ လူသားခြင်း စာနာနားလည်မှု ထောက်ပံ့ရေး လုပ်ငန်းတွေ မတည်မြဲ နိုင်မှာတွေကို စိုးရိမ်မှု ရှိတယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ