ကချင်ဒုက္ခသည်စခန်းတွေ ရွှေ့ပြောင်းနေရ

  • 21 ဧပြီ 2014
_laiza_refugees_kachin ဓာတ်ပုံ မူပိုင် AP
Image caption ကချင် ဒုက္ခသည်

နိုင်ငံတော် အဆင့် အပစ်အခတ် ရပ်ဆဲရေး အတွက် ဆွေးနွေး နေကြတာတွေ ပြုလုပ်လျက် ရှိနေစဉ်မှာပဲ၊ ကချင်ပြည်နယ် မှာ မြန်မာစစ်တပ်က ထိုးစစ်တွေ ထပ်မံ ဆင်နွှဲလာတဲ့ အတွက်၊ ဒေသခံ ကချင် လက်နက်ကိုင် တပ်ဖွဲ့ ကေအိုင်အေနဲ့ အကြား၊ တိုက်ပွဲတွေ လတ်တလော မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ယခင် ကချင်ပြည်နယ် အတွင်း စစ်ပွဲတွေကြောင့်၊ ရှိနှင့်ခဲ့တဲ့ ဒုက္ခသည် စခန်းက လူတွေဟာ၊ ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့နေနေ၊ အခုဆို ဟိုစခန်းကနေ ဒီစခန်း ရွှေ့ပြောင်းနေနေရတယ်လို့ ကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့တစ်ခု ဖြစ်တဲ့ Kachin Relief Fund အဖွဲ့က၊ အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုဒမ်ရင်းဂ်က ပြောပါတယ်။

အခုဆို နယ်စပ်ကို ပြေးလာကြရတဲ့ ရှမ်းတိုင်းရင်းသားတွေ အပါအဝင် ဒုက္ခသည် အသစ် ၃၀၀၀ လောက်ရှိပြီး၊ ယခင် ရှိနှင့်တဲ့ ဒုက္ခသည်တွေလည်း သောင်းနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။ ယခင် နမ့်ပလင်းပါ စခန်းကနေ လဂတ်ရမ်ကို ရှောင်တိမ်း လာရသူတွေဟာ၊ လဂတ်ရမ် တဝိုက်မှာ မြန်မာစစ်တပ်က တိုက်ခိုက်လာပြန်လို့ နောင်အင်းကြီး ဒေသဘက် ထပ်မံပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ အကူအညီကို တိုက်ရိုက်ရယူပြီး ပြုလုပ်ခဲ့တဲ့၊ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ခံမှုကို အကြောင်းပြကာ၊ သန်းခေါင်စာရင်း ကောက်ခံနိုင်အောင် နယ်မြေထိမ်းချူပ်တာဆိုပြီး မြန်မာစစ်တပ်က ဝင်ရောက်လာတာလို့ ကိုဒမ်ရင်းဂ်က ပြောပါတယ်။

ပမ်ခန်းကျေးရွာတဝိုက်မှာ ရပ်ရွာလူကြီးတွေဟာ အနီးအပါးက ဒါဇင်နဲ့ချီတဲ့ ကျေးရွာတွေက သန်းခေါင်စာရင်း ရယူပြီး၊ ပေးအပ်ခဲ့ပေမယ့်၊ မြန်မာစစ်တပ်ရဲ့ နယ်မြေချဲ့ထွင်မှုက ရပ်တန့် မသွားခဲ့ဘူးလို့ ဆိုပါတယ်။ သစ်ကားတွေ ဖြတ်သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ပမ်ခမ်းကျေးရွာလို ဒေသတွေကို၊ စီးပွားရေး အကျိုးကြောင့် သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားနှင့်တယ်လို့ ထင်မြင်ကြောင်းလည်း ကိုဒမ်ရင်းဂ်က သုံးသပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ