ကချင် ရခိုင် သန်းခေါင်စာရင်း ကောက်ဆဲ

  • 24 ဧပြီ 2014
census ဓာတ်ပုံ မူပိုင် LLKS
Image caption သန်းခေါင်စာရင်း တနိုင်ငံလုံးအတိုင်းအတာ နဲ့ ကောက်ခဲ့

သန်းခေါင်စာရင်း ကို တနိုင်ငံလုံး အတိုင်းအတာ နဲ့ မတ်လ ၃ဝ ရက်က ဧပြီလ ၁၀ ရက်နေ့ထိ ၁၂ ရက်ကြာ ကောက်ခဲ့ပါတယ်။

ကချင် ဘက်မှာ ကေအိုင်အေ က ခွင့်မပြုလို့ ကောက်ခွင့် မရတဲ့ ရွာ ၁ဝဝ လောက် နဲ့ ရခိုင်ဘက် က မွတ်ဆလင် ဘာသာဝင် အတော်များများ က ရိုဟင်ဂျာ လို့ ထည့်ခွင့်မရလို့ မကောက်နိုင် တဲ့ ဘက်တွေမှာ သန်းခေါင်စာရင်း ဆက်ကောက် နေပါတယ်။

ဒီလို ကောက်ယူမှုကို အခု ဧပြီလကုန် ဒါမှမဟုတ် ညှိနှိုင်းတာတွေ အဆင်ပြေရင် မေလကုန်ထိ ဆက်လုပ်သွားမယ် လို့ ဆိုပါတယ်။

ရခိုင်ဒေသ တချို့က လူတွေကတော့ ဒီလို ကောက်တာမျိုးက ဆက်လက် ဆန့်ကျင် နေတဲ့ပုံ တွေ့ရပါတယ်။ စစ်တွေ ဘက်က မွတ်ဆလင် ဘာသာဝင် ဒုက္ခသည် တယောက် ကလည်း သူ တို့ ကို လာကောက်ရင် လက်မခံကြောင်းနဲ့ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သတ်မှတ်တာကို အသိအမှတ်ပြုမှ စာရင်းပေးမယ်လို့ ဆိုပါတယ်။

အစိုးရ ဘက်ကတော့ ရိုဟင်ဂျာကို လက်မခံပေမယ့် လူမျိုး အမည် မထည့်ဘဲ လာစာရင်း ပေးရင် လက်ခံမယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ ရပ်ရွာ အကြား ယုံကြည်မှု ဝေးနေတာ၊ လူမျိုး သတ်မှတ်မှု အငြင်းပွားမှု တွေကြောင့် အဲဒီ နယ်တွေဘက်မှာ သန်းခေါင်စာရင်း အပြည့် ကောက်နိုင်ဖို့ တော့ ဝေးနေပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ