မြန်မာနိုင်ငံ အလယ်ပိုင်း အပူချိန် မြင့်

  • 23 ဧပြီ 2014
mandalay ဓာတ်ပုံ မူပိုင် ncsl
Image caption နေပူထဲ ထွက်တာ သတိထားဖို့လို

အခုရက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ တွေမှာ အပူဒဏ်ကြောင့် ဆေးရုံ ရောက်သူတွေ များလာသလို သက်ကြီးရွယ်အို တွေ သေဆုံးမှု တိုးလာ နေပါတယ် ။

အပူချိန်က ၄၃ ဒီဂရီ စင်တီဂရိတ် အထက် မြင့်တက်ပြီး မိုးကလည်း မရွာတာ ကြောင့် ဆေးရုံ တက်ရောက် ကုသရတဲ့ လူနာတွေ တိုးလာပြီး သက်ကြီးရွယ်အို သေဆုံးမှု များလာတယ်လို့ နာရေးကူညီမှု အသင်းတွေ ကတဆင့် သိရပါတယ်။

တဘက်မှာလည်း ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းဟာ အန္တရာယ် ရှိတဲ့ အမှတ်ကျော် နေလို့ လူတိုင်း သတိထားသင့်တဲ့ အခြေအနေ ဖြစ်ကြောင်း ပညာရှင်တွေက သတိပေး နေပါတယ် ။

ခုရက်ပိုင်း မန္တလေး ဆေးရုံကြီးမှာ အပူဒဏ် ကြောင့် ဆေးကုသ ခံရသူ အရေအတွက် ၂ဝ လောက် ရှိပြီး ၂ ဦး သေဆုံးတယ် လို့ သိရပါတယ်။

အပူချိန် လွန်ကဲနေလို့ မနက် ၁ဝ နာရီကနေ ညနေ ၅ နာရီ အတွင်း မြစ်ကမ်းနား လွင်တီးခေါင် နေရာတွေမှာ ရေမချိုး ကြဖို့၊ နေပူထဲက ပြန်လာရင် ချက်ချင်း ရေမချိုး ကြဖို့ ၊ မတတ်သာလို့ နေပူထဲ ထွက်ရရင် လည်း အရိပ် လုံလောက် တဲ့ ထီး ဦးထုပ် ဆောင်းပြီး အရောင် ဖျော့ဖျော့ ချောင်ချောင် ချိချိ အဝတ်အစား တွေ ဝတ်ဖို့နဲ့ အရက်သေစာ ရှောင်ကြဉ်ဖို့ ကျန်းမာရေး ဌာနက နှိုးဆော်ထား သလို အပူဒဏ် ကြောင့် သတိလစ် တာတွေ အတက်ရောဂါ တွေ ဖြစ်ပါက ဆေးရုံ ဆေးခန်းတွေကို အမြန် ပြသသင့်တယ် လို့ နေ့စဉ်သတင်းစာ ကတဆင့် ဖော်ပြနေတာကို တွေ့ရပါတယ် ။