၄၈ လမ်း ဗလီ မီးလောင်မှု ၂ ဦးကို ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ မူပိုင် AP
Image caption ဗလီ မီးလောင်မှု ဖြစ်ခဲ့စဉ်

ပြီးခဲ့တဲ့ နှစ်က ကလေးငယ် ၁၃ ယောက် သေဆုံးခဲ့ရတဲ့ ရန်ကုန်မြို့ ၄၈ လမ်း ဗလီ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဗလီဆရာ ၂ ယောက်ကို ထောင်ဒဏ် ၈ နှစ် စီ ပြစ်ဒဏ် ချမှတ်လိုက် ပါတယ်။

ဗလီဆရာတွေ ဖြစ်ကြတဲ့ ဦးဇေယျာဖြိုးနဲ့ ဦးခင်မောင်အေး တို့ကို လူသေမှု၊ မီးပေါ့ဆမှု တို့နဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

ပြစ်ဒဏ် ချမှတ်ခံရတဲ့ ဦးဇေယျာဖြိုးနဲ့ ဦးခင်မောင်အေး တို့က အယူခံဝင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့တဲ့ ဗလီ မီးလောင်မှုဟာ မီးအားမြှင့်စက် အပူလွန်ကဲရာက စတင်ခဲ့တာ ဖြစ်ပြီး ကလေးငယ် ၁၃ ယောက်ဟာ မီးလောင်မှုကြောင့် မီးခိုးမွှန်ပြီး သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ