နိုင်ငံရေး အကျဉ်းသား စိစစ်ရာမှာ တိကျဖို့ ဟူဂိုဆွိုင်ယာ ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ဟူဂိုဆွိုင်ယာ မြန်မာပြည်ကို ရောက်ရှိစဉ်။

ဗြိတိန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဟူဂိုဆွိုင်ယာက မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား စိစစ်တဲ့ နေရာမှာ တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှု ပြုလုပ်ဖို့ တိုက်တွန်းမှုတွေကို ထောက်ခံကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပေးပို့လာတဲ့ ရာနဲ့ချီတဲ့ အီးမေးလ်တွေနဲ့ စာတွေကို ပြန်ကြားရာမှာ အခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ တာဝန်ရှိတဲ့ ဝန်ကြီး တစ်ယောက် အနေနဲ့ရော သူ့ဆီ ရေးသား လာကြသူတွေရဲ့ စိုးရိမ်မှုတွေကို စာနာတဲ့ အနေနဲ့ပါ ပြန်ကြားလိုက်တာ ဖြစ်တယ်လို့ ဗြိတိန် အစိုးရ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လက်ကျန် နိုင်ငံရေးသမား စိစစ်ရေးကော်မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်းကိုရဲအောင်ကတော့ နိုင်ငံရေးအကျဉ်းသာ စိစစ်တဲ့ စံနစ်တခု အခိုင်အမာရှိဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ အကျဉ်းထောင်တွေကို ဝင်ရောက်စုံစမ်းခွင့်တွေရှိဖို့ အရေးကြီးကြောင်း၊ အစိုးရဖက်က ပိုခွင့်ပြုဖို့လိုကြောင်း ဘီဘီစီကိုပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ