သမီးကလေးရွာက အိမ်ထောင်စုတချို့ နေစရာပြန်ရ

  • 26 ဧပြီ 2014
thamee_galay_thamee_hla Image copyright Reuters
Image caption သမီးကလေးရွာနား က သမီးလှရွာမှာ အဖျက်ခံ ရစဉ်က

ရန်ကုန်တိုင်း လှည်းကူး မြို့နယ် တွင်းမှာ စစ်တပ်နယ်မြေထဲ ကျူးကျော်နေတယ် လို့အကြောင်းပြပြီး ရွာဖျက်ခံခဲ့ရတဲ့ သမီးကလေးရွာ က အိမ်ထောင်စု တချို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က ရွာသစ် တည်ပေးနေပါတယ်။

ဖျက်သိမ်းခံရစဉ် က သမီးကလေး ကျေးရွာ အပါအဝင် အနီးတဝိုက် က ရွာတွေ စုစုပေါင်း အိမ်ခြေ ၈၀၀ လောက် ကို အာဏာပိုင်တွေ က ဖျက်ပြီး လူတွေ ကို နှင်ထုတ်ခဲ့ပါတယ်။

အခု သမီးကလေးရွာ က အိမ်ထောင်စု ၁၆၀ ကျော်ကို ပြန်နေရာချဖို့ ရွာသစ်တည်ပေးနေတယ် လို့ လှည်းကူးမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးလှသန်း က ဘီဘီစီ ကို ပြောပါတယ်။

ရွာသစ် က လှည်းကူးမြို့နယ် အတွင်း ဝါးယားကုန်း ကျေးရွာ နားမှာ လို့ လည်း သူ ကဆိုပါတယ်။

ရွာဖျက်ခံရတဲ့ သူတွေ ကို ကရင်ပြည်နယ် က ဒီကေဘီအေနယ် မှာ နေရာချထား ပေးမယ်လို့ ဒီကေဘီအေ က အာမခံတဲ့အတွက် ပြောင်းရွှေ့သွားသူ အိမ်ထောင်စု ၁၀၀ ကျော် လည်း ရှိခဲ့ပါတယ်။

သမီးကလေး ရွာ နဲ့ သူ့ပတ်ဝန်းကျင် က ရွာ တွေ အဖျက်ခံရတဲ့ အရေးကို မီဒီယာတွေ က ကျယ်ကျယ်ပြန့်ပြန့်သတင်း တင်ပြခဲ့ပြီးတဲ့နောက် အခုလို အာဏာရ ပါတီ က ကူညီဆောင်ရွက်တာတွေ ဖြစ်လာတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ