တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း

ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption အခုလ ဆန်းပိုင်းကတော့ စစ်တပ် ဦးဆောင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြ

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက် အစိုးရနဲ့ ဆွေးနွေး ဖို့ကို တိုင်းရင်းသားတွေ ဘက်ကနေ ရက် အကန့် အသတ် မရှိ ရွေ့ဆိုင်း လိုက်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေး နေကြရာမှာ တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ ဖက်ဒရယ် ဆိုတဲ့ အသုံး အနှုန်း၊ ဖက်ဒရယ် တပ်မတော် ဆိုတာ တွေကို အစိုးရ ဘက်က မလိုက်လျော နိုင်တဲ့ အတွက် ဆွေးနွေးမှု တွေကို တိုင်းရင်းသားတွေ ဘက်က ရက် အကန့် အသတ် မရှိ ရပ်ဆိုင်းထား လိုက်တာ ဖြစ်ပါတယ်။

အဲန်စီစီတီ တိုင်းရင်းသားများ ငြိမ်းချမ်းရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ ဆုံးဖြတ် လိုက်တာ ဖြစ်ပြီး၊ အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်ချက် တွေဟာ ယုံကြည်မှုကို ပျက်ပြား စေတာ ကြောင့်လို့ ဆိုပါတယ်။

အခုလ ဆန်းပိုင်းက စစ်တပ် ဦးဆောင်ပြီး ဆွေးနွေးတဲ့ အချက်တွေနဲ့ ကချင်ကို ထိုးစစ်ဆင်တဲ့ အချက်တွေပေါ် မူတည်ပြီး ဆွေးနွေးပွဲ ကိုရက် အကန့် အသတ် မရှိ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့ အဲန်စီစီတီ အဖွဲ့ဝင် နိုင်ဟံသာက ပြောပါတယ်။

စစ်တပ် ဘက်က ရပ်တည်ချက်နဲ့ တောင်းဆို ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပွဲ ကို အဲန်စီစီတီ တာဝန်ရှိ သူတွေ ချင်းမိုင် မြို့မှာ ဧပြီလ ၂၈ ရက် နေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ