NCCT နဲ့ အစိုးရ မေလကုန် ပြန်တွေ့မယ်

  • 29 ဧပြီ 2014
ဓာတ်ပုံ မူပိုင် nyo ohn myint MPC
Image caption ဖက်ဒရယ် ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသား တွေနဲ့ အစိုးရ အကြား အငြင်းပွားဆဲ

တိုင်းရင်းသားတွေ စုဖွဲ့ ထားတဲ့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT ဟာ အစိုးရနဲ့ မေလ နောက်ဆုံး ပတ်မှာ တွေ့ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဒီလို ဆုံးဖြတ်တာဟာ အပစ် အခတ် ရပ်စဲရေး စာချုပ်မူကြမ်း တခုတည်း ကိုသာ ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

NCCT တာဝန်ရှိသူ နိုင်ဟံသာ ကတော့ အစိုးရနဲ့ တွေ့ဆုံ နိုင်မယ့် အနေ အထားတွေကို ထိန်းသိမ်း သွားဖို့ လိုအပ်မယ် ဆိုပြီး ဆုံးဖြတ်တာ ဖြစ်ကြောင်း၊ နောက်ပြီး စစ်တပ်ရဲ့ ရပ်တည်ချက်ကို ဘယ်လို ပြောင်းလဲ ပေးနိုင် မလဲ ဆိုတာကို အဓိက ဆွေးနွေး ဖို့လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ကလည်း အစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ နဲ့ တွေ့ဆုံ ဆွေးနွေး လိုကြောင်း အကြောင်း ကြားစာ ပို့ထား တယ်လို့ NCCT က ပြောပါတယ်။

KIO အနေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ တွေ့ဖို့ အကြောင်း ကတော့ ကချင် ပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေး ဖို့ဖြစ်ပါတယ်။

လောလောဆယ် သဘောတူညီချက် အရ KIO နဲ့ မြစ်ကြီးနားမှာ မေလ ၁၃-၁၄ ရက်နေ့ တွေ့ဖို့နဲ့ NCCT နဲ့က ရန်ကုန်မှာ မေလ ၁၉-၂ဝ လောက် တွေ့မှာ ဖြစ်တယ်လို့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ