ရခိုင် အရေး နှစ်ဖက် လက်ခံမယ့် လမ်းပြမြေပုံ

  • 29 ဧပြီ 2014
sai mauk kham ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင် အရေး လမ်းပြ မြေပုံ ရေးဆွဲမယ်

ရခိုင်ပြဿနာ ဖြေရှင်းရေးအတွက် ရခိုင် ၊ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း နှစ်ဖက် စလုံးက ရေရှည် လက်ခံ နိုင်မယ့် လမ်းပြ မြေပုံ ရေးဆွဲ ဆောင်ရွက် သွားမယ်လို့ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့က နေပြည် တော်မှာ ပြုလုပ်တဲ့ ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည် ဖော်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ် ဥပဒေချုပ် ဉီးလှသိန်းကို ဘီဘီစီက ဆက်သွယ် မေးမြန်း ရာမှာတော့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အဆင့်ကို မရောက်သေးဘူးလို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာပြည်ပေါက် ရိုဟင်ဂျာတွေလား၊ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာသူတွေ လားဆိုတာကို စိစစ်တဲ့ လုပ်ငန်းတွေကို ပြီးပြတ်အောင် ဆောင်ရွက်သွားမယ် လို့လည်း ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောကြား ပါတယ်။

ဒီလုပ်ငန်းစဉ်လည်း မစတင် ရသေးဘူးလို့ ဉီးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်မှာ အကြမ်းဖက် ရုန်းရင်း ဆန်ခတ်မှုတွေ၊ မီးရှို့သတ်ဖြတ်မှုတွေ မဖြစ်တော့ပေမဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတုန်းပဲလို့လည်း စိုင်းမောက်ခမ်းက ပြောပါတယ်။

လူသားချင်း စာနာတဲ့ အကူအညီတွေကို မျှမျှတတ အကူအညီပေးဖို့ ဆောင်ရွက်သွားမယ်လို့လည်း စိုင်းမောက်ခမ်းက ဆိုပါတယ်။ အရင်က မမျှမတ ဆောင်ရွက်မှုတွေ ရှိခဲ့လို့လားလို့ ပြည်နယ် ဥပဒေချုပ် ဉီးလှသိန်းကို မေးရာမှာတော့ ဒေသခံတွေနဲ့ အဖွဲ့အစည်းတွေကြားမှာ ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရခိုင်အရေး ပြောဆိုနေစဉ်မှာပဲ ကျောက်ဖြူမြို့မှာတော့ ပြည်တွင်း ပြည်ပ ရခိုင်လူမျိုးတွေ ပါဝင်တဲ့ ရခိုင်ညီလာခံ ကျင်းပနေပါတယ်။

နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ရခိုင်လူမျိုးစုံညီ တွေ့ဆုံခွင့်ရကြတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ